အခ်က္အလက္ ရွာေဖြေရးအဖြဲ႔ အစီရင္ခံစာ ေဆြးေႏြးမႈ ဆံုးျဖတ္ခ်က္ မက်ေအာင္ ျမန္မာညွိႏိႈင္းေန

0
803

ကုလသမဂၢ လံုၿခံဳေရးေကာင္စီမွာ ေဆြးေႏြးမယ့္ အခ်က္အလက္ ရွာေဖြေရးအဖြဲ႔ရဲ႕ အစီရင္ခံစာနဲ႔ ပတ္သက္လို႔ ဆံုးျဖတ္ခ်က္ မခ်ႏိုင္ေအာင္ ျမန္မာႏိုင္ငံအေနနဲ႔ မိတ္ဖက္ ႏိုင္ငံေတြနဲ႔ ညွိႏိႈင္းေဆာင္ရြက္ေနပါတယ္။

အစီရင္ခံစာကို ေဆြးေႏြးတဲ့အခါ ဆံုးျဖတ္ခ်က္ တစ္ခုခုက်လာရင္ လိုက္နာေဆာင္ရြက္ရမွာျဖစ္ေၾကာင္း၊ ဒါဟာ ျမန္မာႏိုင္ငံကို ဖိအားေပးတဲ့ သေဘာျဖစ္တာေၾကာင့္ ဆံုးျဖတ္ခ်က္ မခ်နိုင္ေအာင္ ျမန္မာႏိုင္ငံအေနနဲ႔ မိတ္ဖက္ႏိုင္ငံေတြနဲ႔ ညိွႏိႈင္းေဆာင္ရြက္ေနတယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးခ်မ္းေအးက RFA သတင္းဌာနကို ေျပာပါတယ္။

အေမရိကန္နဲ႔ တျခား ႏိုင္ငံ ရွစ္ႏိုင္ငံက ျမန္မာ့အေရးနဲ႔ ပတ္သက္ၿပီး ကုလသမဂၢ အခ်က္အလက္ ရွာေဖြေရးအဖြဲ႔ကိုေခၚယူ ၾကားနာႏိုင္ဖို႔ ကုလသမဂၢ လံုၿခံဳေရးေကာင္စီမွာ အစည္းအေဝး ျပဳလုပ္ေရး ေတာင္းဆိုခဲ့တာ ျဖစ္ပါတယ္။ ကုလသမဂၢ အခ်က္အလက္ ရွာေဖြေရးအဖြဲ႔က ၿပီးခဲ့တဲ့လမွာ အစီရင္ခံစာတစ္ေစာင္ တင္သြင္းခဲ့ၿပီး ႏိုင္ငံတကာ ရာဇဝတ္တရား႐ံုး (ICC) မွာ စစ္ေဆးဖို႔ အႀကံေပးခဲ့ေပမယ့္ ျမန္မာအစိုးရကေတာ့ အစီရင္ခံစာကို ပယ္ခ်ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အချက်အလက် ရှာဖွေရေးအဖွဲ့ အစီရင်ခံစာ ဆွေးနွေးမှု ဆုံးဖြတ်ချက် မကျအောင် မြန်မာညှိနှိုင်းနေ

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေးမယ့် အချက်အလက် ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက် မချနိုင်အောင် မြန်မာနိုင်ငံအနေနဲ့ မိတ်ဖက် နိုင်ငံတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။

အစီရင်ခံစာကို ဆွေးနွေးတဲ့အခါ ဆုံးဖြတ်ချက် တစ်ခုခုကျလာရင် လိုက်နာဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဒါဟာ မြန်မာနိုင်ငံကို ဖိအားပေးတဲ့ သဘောဖြစ်တာကြောင့် ဆုံးဖြတ်ချက် မချနိုင်အောင် မြန်မာနိုင်ငံအနေနဲ့ မိတ်ဖက်နိုင်ငံတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက RFA သတင်းဌာနကို ပြောပါတယ်။

အမေရိကန်နဲ့ တခြား နိုင်ငံ ရှစ်နိုင်ငံက မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ကိုခေါ်ယူ ကြားနာနိုင်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အစည်းအဝေး ပြုလုပ်ရေး တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့က ပြီးခဲ့တဲ့လမှာ အစီရင်ခံစာတစ်စောင် တင်သွင်းခဲ့ပြီး နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) မှာ စစ်ဆေးဖို့ အကြံပေးခဲ့ပေမယ့် မြန်မာအစိုးရကတော့ အစီရင်ခံစာကို ပယ်ချထားပါတယ်။