ငတ္မြတ္ေခါင္းပါးမႈကို ခံစားေနရတဲ့ လူဦးေရရဲ႕ ၆၀ ရာခိုင္ႏႈန္းဟာ အမ်ိဳးသမီးေတြ ျဖစ္

0
165

ကမၻာမွာ ငတ္မြတ္ေခါင္းပါးမႈကို ခံစားေနၾကရတဲ့ လူဦးေရရဲ႕ ၆၀ ရာခိုင္ႏႈန္းဟာ အမ်ိဳးသမီးမ်ား ျဖစ္ေနၾကၿပီး မိမိတို႔ႏိုင္ငံမွာလည္း လူဦးေရ၏ ထက္ဝက္ေက်ာ္ဟာ အမ်ိဳးသမီးေတြ ျဖစ္ေနတာေၾကာင့္ အမ်ိဳးသမီးေတြရဲ႕ အခန္းက႑ကိုလည္း အေလးထားၾကဖုိ႔ လုိအပ္ေၾကာင္းနဲ႔ အမ်ိဳးသမီးထုရဲ႕ ကုန္ထုတ္စြမ္းအားေတြကုိလည္း မိသားစု၊ ႏိုင္ငံနဲ႔ ကမၻာ႔အတိုင္းအတာအထိ ႀကီးႀကီးမားမား သက္ေရာက္မႈရွိနုိင္ေၾကာင္း ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူက ေျပာၾကားခဲ့ပါတယ္။

“ငတ္မြတ္ကင္းစင္ ၂၀၃၀ တြင္ တို႔ရဲ႕ အနာဂတ္တို႔ျပင္ဆင္”ေခါင္းစဥ္နဲ႔ ၂၀၁၈ ခုႏွစ္ ကမၻာ႔စားနပ္ရိကၡာေန႔ အထိမ္းအမွတ္အခမ္းအနားကို ေအာက္တုိဘာလ ၁၆ ရက္ေန႔က ေနျပည္ေတာ္ရွိ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္း၀န္ႀကီးဌာနမွာ က်ငး္ပခဲ့တာ ျဖစ္ပါတယ္။

နည္းပညာ ေျပာင္းလဲလာမႈနဲ႔အတူ ယွဥ္တြဲလာတဲ့ ကမၻာႀကီးပူေႏြးလာမႈနဲ႔ ရာသီဥတု ေဖာက္ျပန္မႈေတြေၾကာင့္ စိုက္ပ်ိဳးေရးလုပ္ငန္းကို အဓိက မွီတင္းေနထိုင္ၾကတဲ့ ေက်းလက္ေဒသကို မ်ားစြာ ဆိုးက်ိဳးသက္ေရာက္ ျဖစ္ေစပါ တယ္။ အဲဒီလုိ ဆိုးက်ိဳးသက္ေရာက္မႈေတြေၾကာင့္ လူအမ်ားစု မွီတင္းေနထိုင္ရာ ေက်းလက္ေဒသေတြမွာ စိုက္ပ်ိဳးသီးႏွံမ်ား ပ်က္စီးဆုံး႐ႈံးမႈ၊ ထြက္ရွိလာတဲ့ သီးႏွံ အရည္အေသြးမျပည့္ဝမႈေတြရဲ႕ အက်ိဳးဆက္အျဖစ္ လူမႈစီးပြားေရး ခၽြတ္ၿခဳံက်မႈ၊ စားနပ္ရိကၡာ မျပည့္စုံမႈ၊ ေဘးကင္းလုံၿခဳံတဲ့ စားေရရိကၡာရွား ပါးလာမႈ၊ ငတ္မြတ္ေခါင္း ပါးမႈေတြနဲ႔ ရင္ဆိုင္ေနၾကရေၾကာင္း ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူက ေျပာၾကားခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ငတ်မွတ်ခေါင်းပါးမှုကိုခံစားနေရတဲ့ လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေ ဖြစ်

ကမ္ဘာမှာ ငတ်မွတ်ခေါင်းပါးမှုကို ခံစားနေကြရတဲ့ လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းဟာ အမျိုးသမီးများ ဖြစ်နေကြပြီး မိမိတို့နိုင်ငံမှာလည်း လူဦးရေ၏ ထက်ဝက်ကျော်ဟာ အမျိုးသမီးတွေ ဖြစ်နေတာကြောင့် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကိုလည်း အလေးထားကြဖို့ လိုအပ်ကြောင်းနဲ့ အမျိုးသမီးထုရဲ့ ကုန်ထုတ်စွမ်းအားတွေကိုလည်း မိသားစု၊ နိုင်ငံနဲ့ ကမ္ဘာ့အတိုင်းအတာအထိ ကြီးကြီးမားမား သက်ရောက်မှုရှိနိုင်ကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားခဲ့ပါတယ်။

“ငတ်မွတ်ကင်းစင် ၂၀၃၀ တွင် တို့ရဲ့ အနာဂတ်တို့ပြင်ဆင်”ခေါင်းစဉ်နဲ့ ၂၀၁၈ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာလ ၁၆ ရက်နေ့က နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှာ ကျငး်ပခဲ့တာ ဖြစ်ပါတယ်။

နည်းပညာ ပြောင်းလဲလာမှုနဲ့အတူ ယှဉ်တွဲလာတဲ့ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတု ဖောက်ပြန်မှုတွေကြောင့် စိုက်ပျိုးရေးလုပ်ငန်းကို အဓိက မှီတင်းနေထိုင်ကြတဲ့ ကျေးလက်ဒေသကို များစွာ ဆိုးကျိုးသက်ရောက် ဖြစ်စေပါ တယ်။ အဲဒီလို ဆိုးကျိုးသက်ရောက်မှုတွေကြောင့် လူအများစု မှီတင်းနေထိုင်ရာ ကျေးလက်ဒေသတွေမှာ စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးမှု၊ ထွက်ရှိလာတဲ့ သီးနှံ အရည်အသွေးမပြည့်ဝမှုတွေရဲ့ အကျိုးဆက်အဖြစ် လူမှုစီးပွားရေး ချွတ်ခြုံကျမှု၊ စားနပ်ရိက္ခာ မပြည့်စုံမှု၊ ဘေးကင်းလုံခြုံတဲ့ စားရေရိက္ခာရှား ပါးလာမှု၊ ငတ်မွတ်ခေါင်း ပါးမှုတွေနဲ့ ရင်ဆိုင်နေကြရကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားခဲ့ပါတယ်။

?bph6