ၿမိဳင္ႀကီးငူဆရာေတာ္ ႐ုပ္ကလာပ္ေတာ္ ျမဝတီကို ေရာက္ရွိ

0
265

ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရွိ ဘမ္ရြန္ဂရတ္ ႏိုင္ငံတကာ ေဆး႐ံုမွာ ေအာက္တိုဘာ ၁၃ ရက္ေန႔က ပ်ံလြန္ေတာ္မူသြားတဲ့ ၿမိဳင္ႀကီးငူဆရာေတာ္ႀကီး ဘဒၵႏၱ သုဇနရဲ႕ ႐ုပ္ကလာပ္ေတာ္ကို ၿမိဳင္ႀကီးငူသို႔ ျပန္လည္ ပင့္ေဆာင္လာရာမွာ ျမန္မာ-ထိုင္း အမွတ္ (၁) ခ်စ္ၾကည္ေရးတံတားကတစ္ဆင့္ မေန႔ ေအာက္တိုဘာ ၁၄ ရက္ေန႔က ျမဝတီၿမိဳ႕ကို ေရာက္ရွိလာပါတယ္။

(ဓာတ္ပံု – KIC)

႐ုပ္ကလာပ္ေတာ္ကို ျပည္နယ္ဝန္ႀကီးေတြ၊ ဒီမိုကေရစီအက်ိဳးျပဳ ကရင့္တပ္မေတာ္ (DKBA)၊ ကရင္ျပည္နယ္ နယ္ျခားေစာင့္တပ္ (BGF) က တာဝန္ရွိသူေတြနဲ႔ ျပည္သူေတြ လာေရာက္ပူေဇာ္ခဲ့ၾကပါတယ္။ ဆရာေတာ္ႀကီးရဲ႕ ႐ုပ္ကလာပ္ေတာ္ကို သဃၤန္းညီေနာင္ေက်းရြာမွာ ေခတၱ အပူေဇာ္ခံထားရွိၿပီးမွာ ၿမိဳင္ႀကီးငူေဒသကို ဆက္လက္ ပင့္ေဆာင္မွာ ျဖစ္ပါတယ္။

ၿမိဳင္ႀကီးငူ ဆရာေတာ္ႀကီးကို ကရင္ျပည္နယ္၊ လိႈင္းဘြဲ႔ၿမိဳ႕နယ္၊ ႏို႔ထရြာမွာ ဖြားျမင္ၿပီး စေကာကရင္တိုင္းရင္းသား ျဖစ္ပါတယ္။ ပ်ံလြန္ေတာ္မူခ်ိန္မွာ သက္ေတာ္ ၇၁ ႏွစ္၊ သိကၡာေတာ္ ၅၂ ဝါ ရွိၿပီ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြိုင်ကြီးငူဆရာတော် ရုပ်ကလာပ်တော် မြဝတီကို ရောက်ရှိ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဘမ်ရွန်ဂရတ် နိုင်ငံတကာ ဆေးရုံမှာ အောက်တိုဘာ ၁၃ ရက်နေ့က ပျံလွန်တော်မူသွားတဲ့ မြိုင်ကြီးငူဆရာတော်ကြီး ဘဒ္ဒန္တ သုဇနရဲ့ ရုပ်ကလာပ်တော်ကို မြိုင်ကြီးငူသို့ ပြန်လည် ပင့်ဆောင်လာရာမှာ မြန်မာ-ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတားကတစ်ဆင့် မနေ့ အောက်တိုဘာ ၁၄ ရက်နေ့က မြဝတီမြို့ကို ရောက်ရှိလာပါတယ်။

ရုပ်ကလာပ်တော်ကို ပြည်နယ်ဝန်ကြီးတွေ၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) က တာဝန်ရှိသူတွေနဲ့ ပြည်သူတွေ လာရောက်ပူဇော်ခဲ့ကြပါတယ်။ ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်တော်ကို သင်္ဃန်းညီနောင်ကျေးရွာမှာ ခေတ္တ အပူဇော်ခံထားရှိပြီးမှာ မြိုင်ကြီးငူဒေသကို ဆက်လက် ပင့်ဆောင်မှာ ဖြစ်ပါတယ်။

မြိုင်ကြီးငူ ဆရာတော်ကြီးကို ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ နို့ထရွာမှာ ဖွားမြင်ပြီး စကောကရင်တိုင်းရင်းသား ဖြစ်ပါတယ်။ ပျံလွန်တော်မူချိန်မှာ သက်တော် ၇၁ နှစ်၊ သိက္ခာတော် ၅၂ ဝါ ရှိပြီ ဖြစ်ပါတယ်။

?bph6