0
318
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
ပျက်စီးနေတဲ့ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်အဝင်လမ်း ပြင်ဆင်ပေးမှု မရှိသေး
ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်အဝင်လမ်း ပျက်စီးနေတာကြောင့် ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေ အခက်အခဲ ဖြစ်နေတယ်လို့ အောက်တိုဘာလ ၁၁ ရက်က ရန်ကုန်အနောက်ပိုင်း တက္ကသိုလ် ပင်မဆောင်ရှိ ဆရာ၊ ဆရာမ သမဂ္ဂရုံးခန်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်း လင်းပွဲမှာ ဆရာ၊ ဆရာမတွေက ပြောပါတယ်။
ရန်ကုန်အနောက်ပိုင်း တက္ကသိုလ် အဝင်လမ်းမှာ လမ်းပျက်စီးမှုတွေ ရှိနေလို့ ယာဉ်လိုင်းတချို့က တက္ကသိုလ် အထိ ဝင်ရောက်ပြေးဆွဲခြင်း မရှိဘဲ ရွှေပြည်သာ အဝိုင်းမှာ ဂိတ်ဆုံနေလို့ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေ နေ့စဉ် အခက်အခဲ ကြုံနေရတာ ဖြစ်ပါတယ်။
ဒါကြောင့် အမြန်ဆုံးဖြေရှင်းပေးဖို့ ကျောင်းသား၊ကျောင်းသူတွေနဲ့ဆရာ၊ဆရာမတွေ စုပေါင်းလက်မှတ်ထိုးပြီး လွှတ်တော်ကိုယ်စားလှယ်တွေ ကနေ တင်ပြတောင်းဆိုခဲ့ပါတယ် ။တောင်းဆိုတဲ့အပေါ် ပြင်ဆင်ဆောင်ရွက်ပေးခြင်း မရှိတဲ့အပြင် ယာဉ်လိုင်းအချို့က ဝင်ရောက်မပြေးဆွဲပေးလို့ သက်ဆိုင်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုး အရအဖွဲ့ကနေ မြေပြင်ကွင်းဆင်းလေ့လာပြီး အမြန်ဆုံးဖြေရှင်းပေး ဖိို့တောင်းဆိုခဲ့ကြပါတယ် ။
?bph6