Weekly Eleven ကိစၥမွာ သတင္းမီဒီယာ ဥပေဒကို မသံုးလို႔ သတင္းမီဒီယာေကာင္စီ ကန္႔ကြက္

0
292

သတင္းမီဒီယာဥပေဒကုိ အသုံးမျပဳဘဲ ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅ (ခ)နဲ႔ Weekly Eleven ဂ်ာနယ္လစ္ေတြကုိ တုိက္႐ိုက္ တရားစြဲဆုိတာဟာ ႏိုင္ငံရဲ႕ ဒီမုိကေရစီပုံရိပ္နဲ႔ ရန္ကုန္တုိင္းေဒသႀကီးအစုိးရရဲ႕ ဂုဏ္သိကၡာကုိ က်ဆင္းေစတယ္လုိ႔ ျမန္မာႏိုင္ငံ သတင္းမီဒီယာေကာင္စီက သတင္းထုတ္ျပန္လုိက္ပါတယ္။

 

သတငး္မီဒီယာ ဥပေဒပုဒ္မ ၂၁ အရ နစ္နာေသာဌာန၊ အဖြဲ႔အစည္း သုိ႔မဟုတ္ လူပုဂၢဳိလ္သည္ သတင္းမီဒီယာသမားတစ္ဦးက ပုဒ္မ (၉)မွာ ျပဌာန္းထားတဲ့ တာဝန္နဲ႔ က်င့္ဝတ္သိကၡာ တစ္ရပ္ရပ္ကုိ ခ်ဳိးေဖာက္ေၾကာင္း ယူဆခဲ့ရင္ ေရွးဦးစြာ ေကာင္စီကုိ တုိင္ၾကားႏိုင္သည္လို႔ ျပဌာန္းခ်က္မွာ ပါရွိပါတယ္။

ရန္ကုန္တုိင္းေဒသႀကီး အစုိးရအဖြဲ႔အေနနဲ႔ ျဖစ္စဥ္အေပၚ ျပန္လည္သုံးသပ္ၿပီး သတင္းမီဒီယာ ေကာင္စီကုိ တုိင္ၾကားေစလုိေၾကာင္းနဲ႔ သတင္းမီဒီယာ ဥပေဒနဲ႔အညီ ႏွစ္ဦးႏွစ္ဖက္ ေျပလည္ေအာင္ ညွိႏႈိင္းေဆာင္ရြက္ေပးဖို႔ လိုအပ္ေၾကာင္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

သတင္းမီဒီယာသမားေတြကုိ တရားစြဲဆုိရာမွာ သတင္းမီဒီယာဥပေဒနဲ႔ တရားစြဲဆုိျခင္း မရွိဘဲ တျခားေသာ ပုဒ္မေတြနဲ႔ တရားစြဲဆုိမႈအေပၚလည္း သတင္းမီဒီယာေကာင္စီက ျပင္းထန္စြာ ကန္႔ကြက္ရႈတ္ခ်ထားပါတယ္။ အယ္ဒီတာခ်ဳပ္ ဦးေက်ာ္ေဇာလင္း၊ တာဝန္ခံအယ္ဒီတာ ဦးနရီမင္းနဲ႔ သတင္းေထာက္ခ်ဳပ္ ကိုၿဖိဳးေဝဝင္းတို႔ကို ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈနဲ႔ ဖမ္းဆီးထားတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Weekly Eleven ကိစ္စမှာ သတင်းမီဒီယာ ဥပဒေကို မသုံးလို့ သတင်းမီဒီယာကောင်စီ ကန့်ကွက်

သတင်းမီဒီယာဥပဒေကို အသုံးမပြုဘဲ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ Weekly Eleven ဂျာနယ်လစ်တွေကို တိုက်ရိုက် တရားစွဲဆိုတာဟာ နိုင်ငံရဲ့ ဒီမိုကရေစီပုံရိပ်နဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက သတင်းထုတ်ပြန်လိုက်ပါတယ်။

သတငး်မီဒီယာ ဥပဒေပုဒ်မ ၂၁ အရ နစ်နာသောဌာန၊ အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်သည် သတင်းမီဒီယာသမားတစ်ဦးက ပုဒ်မ (၉)မှာ ပြဌာန်းထားတဲ့ တာဝန်နဲ့ ကျင့်ဝတ်သိက္ခာ တစ်ရပ်ရပ်ကို ချိုးဖောက်ကြောင်း ယူဆခဲ့ရင် ရှေးဦးစွာ ကောင်စီကို တိုင်ကြားနိုင်သည်လို့ ပြဌာန်းချက်မှာ ပါရှိပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ဖြစ်စဉ်အပေါ် ပြန်လည်သုံးသပ်ပြီး သတင်းမီဒီယာ ကောင်စီကို တိုင်ကြားစေလိုကြောင်းနဲ့ သတင်းမီဒီယာ ဥပဒေနဲ့အညီ နှစ်ဦးနှစ်ဖက် ပြေလည်အောင် ညှိနှိုင်းဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သတင်းမီဒီယာသမားတွေကို တရားစွဲဆိုရာမှာ သတင်းမီဒီယာဥပဒေနဲ့ တရားစွဲဆိုခြင်း မရှိဘဲ တခြားသော ပုဒ်မတွေနဲ့ တရားစွဲဆိုမှုအပေါ်လည်း သတင်းမီဒီယာကောင်စီက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချထားပါတယ်။ အယ်ဒီတာချုပ် ဦးကျော်ဇောလင်း၊ တာဝန်ခံအယ်ဒီတာ ဦးနရီမင်းနဲ့ သတင်းထောက်ချုပ် ကိုဖြိုးဝေဝင်းတို့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးထားတာ ဖြစ်ပါတယ်။

?bph6