တစ္လီ ဆိုင္ကလုန္းေၾကာင့္ ျမန္မာႏိုင္ငံမွာ မိုးရြာ၊ ေလျပင္းက်၊ လိႈင္းႀကီးႏိုင္

0
77

အိႏၵိယႏိုင္ငံ ၾသရိႆကမ္းေျခ ေတာင္ပိုင္းကို ျဖတ္ေက်ာ္ ဝင္ေရာက္ခဲ့တဲ့ အလြန္အားျပင္းတဲ့ တစ္လီ ဆိုင္ကလုန္းမုန္တိုင္းေၾကာင့္ ျမန္မာႏိုင္ငံမွာ မိုးရြာတာ၊ မိုးသက္ေလျပင္းက်ေရာက္တာ၊ လိႈင္းႀကီးတာေတြ ျဖစ္ေပၚႏိုင္တယ္လို႔ မိုးေလဝသႏွင့္ ဇလေဗဒညႊန္ၾကားမႈ ဦးစီးဌာနက သတိေပးထားပါတယ္။

အဲဒီ ကုန္းတြင္းမုန္တိုင္း အရွိန္ေၾကာင့္ ေနာက္ ၂၄ နာရီအတြင္း ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္း၊ မႏၲေလးတိုင္း၊ မေကြးတိုင္း၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္၊ ခ်င္းျပည္နယ္နဲ႔ ရခိုင္ျပည္နယ္တို႔မွာ ေနရာစိပ္စိပ္မွ ေနရာ အႏွံ႔အျပား မိုးထစ္ခ်ဳန္းရြာၿပီး ေဒသအလိုက္နဲ႔ ေနရာကြက္ကာ မိုးႀကီးႏိုင္ပါတယ္။

ျမစ္ဝကၽြန္းေပၚ၊ ရခိုင္ကမ္း႐ိုးတန္း တစ္ေလွ်ာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္တို႔မွာ ရံဖန္ရံခါ မိုးသက္ေလျပင္းေတြ က်ေရာက္ၿပီး လႈိင္းႀကီးမွာ ျဖစ္ပါတယ္။ မိုးသက္ေလျပင္း က်စဥ္ ေရျပင္၊ ေျမျပင္ေလဟာ တစ္နာရီကို မိုင္ ၄၀ အထိ တိုက္ခတ္ႏိုင္ပါတယ္။ ျမန္မာ့ပင္လယ္ျပင္မွာ လႈိင္းအသင့္အတင့္ရွိႏိုင္ၿပီး လႈိင္းအျမင့္ဟာ ျမစ္ဝကၽြန္းေပၚ၊ ရခိုင္ကမ္း႐ိုးတန္း တစ္ေလၽွာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္တို႔မွာ ၉ ေပကေန ၁၂ ေပခန္႔၊ မုတၱမေကြ႔၊ မြန္-တနသၤာရီ ကမ္း႐ိုးတန္းတစ္ေလၽွာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္တို႔မွာ ၆ ေပကေန ၉ ေပခန္႔ ရွိႏိုင္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တစ်လီ ဆိုင်ကလုန်းကြောင့် မြန်မာနိုင်ငံမှာ မိုးရွာ၊ လေပြင်းကျ၊ လှိုင်းကြီးနိုင်

အိန္ဒိယနိုင်ငံ သြရိဿကမ်းခြေ တောင်ပိုင်းကို ဖြတ်ကျော် ဝင်ရောက်ခဲ့တဲ့ အလွန်အားပြင်းတဲ့ တစ်လီ ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံမှာ မိုးရွာတာ၊ မိုးသက်လေပြင်းကျရောက်တာ၊ လှိုင်းကြီးတာတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားပါတယ်။

အဲဒီ ကုန်းတွင်းမုန်တိုင်း အရှိန်ကြောင့် နောက် ၂၄ နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နဲ့ နေရာကွက်ကာ မိုးကြီးနိုင်ပါတယ်။

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးမှာ ဖြစ်ပါတယ်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်၊ မြေပြင်လေဟာ တစ်နာရီကို မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါတယ်။ မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိနိုင်ပြီး လှိုင်းအမြင့်ဟာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၉ ပေကနေ ၁၂ ပေခန့်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၆ ပေကနေ ၉ ပေခန့် ရှိနိုင်ပါတယ်။

?bph6