
0
276




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကုလ အထူးကိုယ်စားလှယ် နေပြည်တော်ကို ရောက်ရှိ

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ခရစ္စတင်း ရှာရနာ ဘာဂနာဟာ မနေ့က အောက်တိုဘာ ၁၀ ရက်နေ့ ညနေမှာ လေကြောင်းခရီးနဲ့ ဘန်ကောက်မြို့ကနေ နေပြည်တော်ကို ရောက်ရှိလာပါတယ်။

အထူးကိုယ်စားလှယ် မစ္စ ခရစ္စတင်း ရှာရနာ ဘာဂနာကို နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေက နေပြည်တော် အပြည်ပြည်လေဆိပ်မှာ ကြိုဆို နှုတ်ဆက်ခဲ့ပါတယ်။

ဂျာမနီနိုင်ငံဆိုင်ရာ ဆွစ်သံအမတ်ဟောင်း မစ္စ ဘာဂနာကို ပြီးခဲ့တဲ့ ဧပြီလမှာ အထူးအကြံပေး ပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပြီး လူ့အခွင့်အရေးကိစ္စ၊ ဘင်္ဂါလီ မွတ်စလင် အကျပ်အတည်း၊ တိုင်ရင်းသား လက်နက်ကိုင် ကိစ္စတွေကို ဆွေးနွေးလုပ်ဆောင်ဖို့ ဖြစ်ပါတယ်။

?bph6