ဘဂၤလားေဒ့ရွ္ရွိ ေနရပ္စြန္႔ခြာသူ မိသားစု ငါးဦး ျပန္လည္ ဝင္ေရာက္လာ

0
217

ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္၊ ေတာင္ၿပိဳလက္ဝဲၿမိဳ႕ ျပန္လည္လက္ခံေရးစခန္းကို ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ေရး တံတားအနီးကေနေန မိသားစု ငါးဦး ျပန္လည္ ဝင္ေရာက္လာပါတယ္။

ေမာင္ေတာၿမိဳ႕နယ္၊ ႀကိမ္ေခ်ာင္းေက်းရြာ အုပ္စု၊ အလယ္ရြာေန မူဟာမက္ အီႏူ (၄၃ ႏွစ္)၊ ယိုနာလိုင္လာ (၄၃ ႏွစ္)၊ လိုက္လာေဘဂြင္ (၆၅ ႏွစ္)၊ မာမတ္ဆူရာ (၁၆ ႏွစ္)၊ မူဟာမတ္ရာယတ္ (၁၂ ႏွစ္) တို႔ မေန႔က ေအာက္တိုဘာ ၁၀ ရက္ေန႔မွာ ျပန္လည္ ဝင္ေရာက္ခဲ့တာ ျဖစ္ပါတယ္။

သူတို႔ကို ေတာင္ၿပိဳလက္ဝဲၿမိဳ႕ ျပန္လည္လက္ခံေရးစခန္း၊ ျပန္လည္လက္ခံစစ္ေဆးေရး႐ံုးမွာ စိစစ္လက္ခံေရး ေဆာင္ရြက္ခဲ့ၾကၿပီး ႏိုင္ငံသား၊ ဧည့္ႏိုင္ငံသား ျပဳခြင့္ရသူ ဟုတ္၊ မဟုတ္ အဆံုးအျဖတ္ခံဖို႔ ေလွ်ာက္လႊာပံုစံေတြ ထုတ္ေပးခဲ့ပါတယ္။ ကူးစက္ေရာဂါ ရွိ၊ မရွိ စစ္ေဆးၿပီး လွဖိုးေခါင္ ျပန္လည္လက္ခံေရးစခန္းကို လႊဲေပးခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂလားဒေ့ရှ်ရှိ နေရပ်စွန့်ခွာသူ မိသားစု ငါးဦး ပြန်လည် ဝင်ရောက်လာ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့ ပြန်လည်လက်ခံရေးစခန်းကို နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားအနီးကနေနေ မိသားစု ငါးဦး ပြန်လည် ဝင်ရောက်လာပါတယ်။

မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာ အုပ်စု၊ အလယ်ရွာနေ မူဟာမက် အီနူ (၄၃ နှစ်)၊ ယိုနာလိုင်လာ (၄၃ နှစ်)၊ လိုက်လာဘေဂွင် (၆၅ နှစ်)၊ မာမတ်ဆူရာ (၁၆ နှစ်)၊ မူဟာမတ်ရာယတ် (၁၂ နှစ်) တို့ မနေ့က အောက်တိုဘာ ၁၀ ရက်နေ့မှာ ပြန်လည် ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

သူတို့ကို တောင်ပြိုလက်ဝဲမြို့ ပြန်လည်လက်ခံရေးစခန်း၊ ပြန်လည်လက်ခံစစ်ဆေးရေးရုံးမှာ စိစစ်လက်ခံရေး ဆောင်ရွက်ခဲ့ကြပြီး နိုင်ငံသား၊ ဧည့်နိုင်ငံသား ပြုခွင့်ရသူ ဟုတ်၊ မဟုတ် အဆုံးအဖြတ်ခံဖို့ လျှောက်လွှာပုံစံတွေ ထုတ်ပေးခဲ့ပါတယ်။ ကူးစက်ရောဂါ ရှိ၊ မရှိ စစ်ဆေးပြီး လှဖိုးခေါင် ပြန်လည်လက်ခံရေးစခန်းကို လွှဲပေးခဲ့ပါတယ်။