ေဆးလိပ္နဲ႔ ေဆးရြက္ႀကီးထြက္ ပစၥည္းေၾကာင့္ ေသဆံုးသူ ၅၉ ရာခိုင္ႏႈန္း ရွိ

0
311

ျမန္မာႏိုင္ငံမွာ ေသဆုံးသူအားလုံးရဲ႕ ၅၉ ရာခုိင္ႏႈန္းဟာ ေဆးလိပ္နဲ႔ ေဆးရြက္ႀကီးထြက္ပစၥည္းေတြ စားသုံးျခင္းနဲ႔ ေနာက္ဆက္တြဲ ေရာဂါေတြေၾကာင့္ ေသဆုံးတာ ျဖစ္တယ္လို႔ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီး ေဒါက္တာ ျမင့္ေထြးက ေျပာပါတယ္။

မေန႔က ေအာက္တုိဘာလ ၁၀ ရက္ေန႔ ေနျပည္ေတာ္မွာ ျပဳလုပ္တဲ့ ကြမ္းယာနဲ႔ ေဆးရြက္ႀကီးထြက္ ပစၥည္းေတြ ထိန္းခ်ဳပ္ေရး မီဒီယာေတြကတစ္ဆင့္ လူထုလႈံ႔ေဆာ္လႈပ္ရွားပြဲ စတင္ဖြင့္လွစ္ျခင္း အထိမ္းအမွတ္ အခမ္းအနားမွာ ဝန္ႀကီးက ေျပာၾကားခဲ့တာျဖစ္ပါတယ္ ။

ျမန္မာႏိုင္ငံဟာ အေရွ႕ေတာင္အာရွ အာဆီယံႏိုင္ငံေတြအၾကား ေဆးရြက္ႀကီးထြက္ ပစၥည္းမ်ိဳးစံုကုိ ကြမ္းယာေတြမွာ ထည့္သြင္းစားသုံးမႈ ရာခုိင္ႏႈန္း အမ်ားဆုံး ႏုိင္ငံတစ္ႏိုင္ငံ ျဖစ္ပါတယ္။ ဒါ့အျပင္ ေဆးလိပ္နဲ႔ ေဆးရြက္ႀကီးေတြ ပါဝင္တဲ့ ကြမ္းယာ စားသုံးမႈကုိ ငယ္စဥ္ကတည္းက မသုံးစြဲမိေစဖို႔ ဆံုးမျပဳျပင္ေပးဖုိ႔ လုိအပ္ေၾကာင္းလည္း ဝန္ႀကီး ေဒါက္တာ ျမင့္ေထြးက ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက် ပစ္စည်းကြောင့် သေဆုံးသူ ၅၉ ရာခိုင်နှုန်း ရှိ

မြန်မာနိုင်ငံမှာ သေဆုံးသူအားလုံးရဲ့ ၅၉ ရာခိုင်နှုန်းဟာ ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက်ပစ္စည်းတွေ စားသုံးခြင်းနဲ့ နောက်ဆက်တွဲ ရောဂါတွေကြောင့် သေဆုံးတာ ဖြစ်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောပါတယ်။

မနေ့က အောက်တိုဘာလ ၁၀ ရက်နေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ ကွမ်းယာနဲ့ ဆေးရွက်ကြီးထွက် ပစ္စည်းတွေ ထိန်းချုပ်ရေး မီဒီယာတွေကတစ်ဆင့် လူထုလှုံ့ဆော်လှုပ်ရှားပွဲ စတင်ဖွင့်လှစ်ခြင်း အထိမ်းအမှတ် အခမ်းအနားမှာ ဝန်ကြီးက ပြောကြားခဲ့တာဖြစ်ပါတယ် ။

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှ အာဆီယံနိုင်ငံတွေအကြား ဆေးရွက်ကြီးထွက် ပစ္စည်းမျိုးစုံကို ကွမ်းယာတွေမှာ ထည့်သွင်းစားသုံးမှု ရာခိုင်နှုန်း အများဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ဒါ့အပြင် ဆေးလိပ်နဲ့ ဆေးရွက်ကြီးတွေ ပါဝင်တဲ့ ကွမ်းယာ စားသုံးမှုကို ငယ်စဉ်ကတည်းက မသုံးစွဲမိစေဖို့ ဆုံးမပြုပြင်ပေးဖို့ လိုအပ်ကြောင်းလည်း ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ထည့်သွင်းပြောကြားခဲ့ပါတယ်။

?bph6