ျမန္မာ ေမြးရာပါ ႏွလံုးေရာဂါရွင္ ကေလးေတြကို တ႐ုတ္ႏိုင္ငံမွာ စရိတ္ၿငိမ္း ကုသေပးမယ္

0
282

ေမြးရာပါ ႏွလံုးေရာဂါေဝဒနာရွင္ ျမန္မာကေလးငယ္ ၁၅ ဦးကို တ႐ုတ္ႏိုင္ငံ၊ ယူနန္ျပည္နယ္ ဖူဝိုက္ေဆး႐ံုႀကီးမွာ တ႐ုတ္အမ်ိဳးသား ကုသိုလ္ျဖစ္ အဖြဲ႔ခ်ဳပ္က အခမဲ့ စရိတ္ၿငိမ္း ကုသေပးမယ္လို႔ ဆင္ဟြာ သတင္းမွာ ေဖာ္ျပထားပါတယ္။

ကေလးငယ္ေတြ ေဆးကုသမႈခံယူမယ့္ ဖူဝိုက္ေဆး႐ံုႀကီးဟာ ႏွလုံးေရာဂါ ကုသမႈမွာ တ႐ုတ္ႏုိင္ငံရဲ႕ အေကာင္းဆုံး ေဆး႐ံုႀကီးတစ္ခု ျဖစ္ေၾကာင္း၊ ကေလးမိဘေတံကိုလည္း အျပည့္အဝ ကူညီေဆာင္ရြက္သြားမွာျဖစ္ၿပီး ေဆးကုစရိတ္၊ ေနထုိင္သြားလာစရိတ္ အားလုံးကုိ တာဝန္ယူေပးသြားမယ္လို႔ ရန္ကင္း ကေလးေဆး႐ံုႀကီးကို သြားေရာက္လည္ပတ္ခဲ့တဲ့ တ႐ုတ္အမ်ိဳးသား ကုသုိလ္ျဖစ္အဖြဲ႔ခ်ဳပ္၊ စာနယ္ဇင္းေလာက ကုသုိလ္ျဖစ္လုပ္ငန္း ဖြံ႔ၿဖိဳးေရးအသင္း ဥကၠ႒ မစၥတာ ရႊီက်င့္ရႊန္းက ေျပာပါတယ္။

အခု သြားေရာက္ကုသမယ့္ ကေလးငယ္ ၁၅ ဦးက ဒုတိယအသုတ္ျဖစ္ၿပီး ၿပီးခဲ့တဲ့ ဧၿပီလက ပထမအသုတ္အျဖစ္ ကေလးငယ္ ၁၂ ဦးကို ေပက်င္းၿမိဳ႕ရွိ အန္းက်န္း ေဆး႐ံုႀကီးမွာ ပို႔ေဆာင္ကုသေပးခဲ့ၿပီး ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာ မွေးရာပါ နှလုံးရောဂါရှင် ကလေးတွေကို တရုတ်နိုင်ငံမှာ စရိတ်ငြိမ်း ကုသပေးမယ်

မွေးရာပါ နှလုံးရောဂါဝေဒနာရှင် မြန်မာကလေးငယ် ၁၅ ဦးကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ဖူဝိုက်ဆေးရုံကြီးမှာ တရုတ်အမျိုးသား ကုသိုလ်ဖြစ် အဖွဲ့ချုပ်က အခမဲ့ စရိတ်ငြိမ်း ကုသပေးမယ်လို့ ဆင်ဟွာ သတင်းမှာ ဖော်ပြထားပါတယ်။

ကလေးငယ်တွေ ဆေးကုသမှုခံယူမယ့် ဖူဝိုက်ဆေးရုံကြီးဟာ နှလုံးရောဂါ ကုသမှုမှာ တရုတ်နိုင်ငံရဲ့ အကောင်းဆုံး ဆေးရုံကြီးတစ်ခု ဖြစ်ကြောင်း၊ ကလေးမိဘတေံကိုလည်း အပြည့်အဝ ကူညီဆောင်ရွက်သွားမှာဖြစ်ပြီး ဆေးကုစရိတ်၊ နေထိုင်သွားလာစရိတ် အားလုံးကို တာဝန်ယူပေးသွားမယ်လို့ ရန်ကင်း ကလေးဆေးရုံကြီးကို သွားရောက်လည်ပတ်ခဲ့တဲ့ တရုတ်အမျိုးသား ကုသိုလ်ဖြစ်အဖွဲ့ချုပ်၊ စာနယ်ဇင်းလောက ကုသိုလ်ဖြစ်လုပ်ငန်း ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ မစ္စတာ ရွှီကျင့်ရွှန်းက ပြောပါတယ်။

အခု သွားရောက်ကုသမယ့် ကလေးငယ် ၁၅ ဦးက ဒုတိယအသုတ်ဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလက ပထမအသုတ်အဖြစ် ကလေးငယ် ၁၂ ဦးကို ပေကျင်းမြို့ရှိ အန်းကျန်း ဆေးရုံကြီးမှာ ပို့ဆောင်ကုသပေးခဲ့ပြီး ဖြစ်ပါတယ်။

?bph6