ထူးချွန် လူငယ်တွေဖြစ်ဖို့ အဖက်ဖက်က ဖိနှိပ်မှုတွေ မရှိဖို့ လို (ရုပ်/သံ)

0
72

လူငယ်တွေကို အဖက်ဖက်က ဖိနှိပ်မှုတွေရှိနေတာကြောင့် ထူးချွန်တဲ့လူငယ်တွေ ပေါ်ထွက်လာဖို့ ခက်ခဲနေဆဲ ဖြစ်တယ်လို့ အမျိုးသားလူငယ်ကွန်ရက်က ပြောပါတယ်။

ကမ္ဘာ့ပေါ်မှာ လူငယ်နိုဘယ်ဆုရှင်တွေ ပေါ်ပေါက်လာတဲ့အထိ ကမ္ဘာ့နိုင်ငံတွေက တက်ကြွလှုပ်ရှားတဲ့ လူငယ်တွေကို ချီးမြှင့်မြှောက်စားနေတဲ့အချိန်မှာ မြန်မာနိုင်ငံမှာတော့ လူငယ်တွေအပေါ် ဥပဒေအရ တားဆီမှုတွေနဲ့ ဖိနှိပ်မှုတွေ အမျိုးမျိုးရှိနေတယ်လို့ အမျိုးသားလူငယ်ကွန်ကရက်အကြံပေး မသဉ္ဖာရွှန်းလဲ့ရည်က ပြောပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် စိုင်းဟန်က ပေးပို့ထားပါတယ်။

အင်တာဗျူး သဉ္ဇာရွှန်းလဲ့ရည် (လူငယ်အကြံပေး)
အမျိုးသားလူငယ်ကွန်ကရက်-ရန်ကုန်လူငယ်ကွန်ရက်

အဲ့ဒီလို နိုင်ငံရေးမှာ လူငယ်တွေပါဝင်ဖို့ အကန့်အသတ်တွေ ရှိနေပေမယ့်လည်း တက်ကြွလှုပ်ရှားနေတဲ့ လူငယ်အဖွဲ့အစည်းတွေကတော့ နိုင်ငံရေးအရ အပြောင်းအလဲတွေမှာ ဆက်လက်ပါဝင်နေဦးမှာ ဖြစ်တယ်လို့ မသဉ္ဖာရွှန်းလဲ့ရည်က ပြောပါတယ်။

အင်တာဗျူး သဉ္ဇာရွှန်းလဲ့ရည် (လူငယ်အကြံပေး)
အမျိုးသားလူငယ်ကွန်ကရက်-ရန်ကုန်လူငယ်ကွန်ရက်

မြန်မာနိုင်ငံက လူငယ်တွေအနေနဲ့ အရင်အစိုးရလက်ထက်တွေကတည်းက ဖိနှိပ်မှုတွေအောက်မှာ နိုင်ငံရေးအပြောင်းအလဲတွေအတွက် တက်ကြွလှုပ်ရှားမှုတွေရှိခဲ့ပြီး အခုလက်ရှိ ဒီမိုကရေစီအစိုးရ လက်ထက်မှာ တော့ ကဏ္ဍအစုံမှာ လူငယ်တွေပိုမို ပါဝင်လာနိုင်ဖို့ တက်ကြွလှုပ်ရှားနေတဲ့ လူငယ်အဖွဲ့အစည်းတွေက မျှော်လင့်နေကြတာဖြစ်ပါတယ် ခင်ဗျား။

?bph6