လူငယ်တွေပါဝင်တဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေ လုပ်ပိုင်ခွင့် ရရှိဖို့ လိုအပ် (ရုပ်/သံ)
0
64
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ လူငယ်တွေပါဝင်တဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေ လုပ်ပိုင်ခွင့်ရရှိဖို့ လိုအပ်နေပါတယ်။ ဒီသတင်းကို MCN သတင်းထောက် သန္တာမိုးက ပေးပို့ထားပါတယ်။
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ထိရောက်တဲ့ အထောက်အကူပြုစေဖို့အတွက် လူငယ်တွေပါဝင်တဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေ လုပ်ပိုင်ခွင့်ရရှိဖို့ လိုအပ်နေတယ်လို အရပ်ဘက်လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ်က ပြောပါတယ်။
အောက်တိုဘာလ ၆ ရက်နေ့က ရန်ကုန်မြို့ ဒိုင်းမွန်းကွန်ဒိုမှာ အကြိမ် ၂၀ မြောက် အရပ်ဘက် လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ်ရဲ့ သတင်းစာရှင်လင်းပွဲပြုလုပ်ခဲ့တာပါ။
Soundbite ဦးရန်ကျော် (ဥက္ကဌ)
အရပ်ဘက်လူ့အဖွဲ့အစည်းငြိမ်းချမ်းရေးဖိုရမ်
ဒါ့အပြင် ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ လူထုအခြေပြုအဖွဲ့အစည်းတွေ အချင်းချင်းပူးပေါင်း ဆောင်ရွက်တာတွေနဲ့အတူ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာဖို့အပြင် ဆွေနွေးပွဲတွေမှာ အောက်ခြေလူထု အဖွဲ့အစည်း တွေပိုမိုပါဝင်လာစေဖို့ အရပ်ဘက်လူ့အဖွဲ့အစည်းငြိမ်းချမ်းရေးဖိုရမ်တွေကို လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
Soundbite ဦးရန်ကျော် (ဥက္ကဌ)
အရပ်ဘက်လူ့အဖွဲ့အစည်းငြိမ်းချမ်းရေးဖိုရမ်
အရပ်ဘက်လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ်ကို ၂၀၁၂ ခုနှစ်က စတင်ပြုလုပ်ခဲ့ပြီး အခု ၂၀၁၈ ခုနှစ်မှာတော့ အောက်တိုဘာလ ၃ ရက်နေကနေ ၄ ရက်အထိ ပန်ဒါဟိုတယ်မှာ ပြုလုပ်ခဲ့တာပါ။ အဲဒီဖိုရမ်က ရလာဒ်တွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၊ နိုင်ငံတော်သမ္မတရုံးနဲ့့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးတွေအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကိုလည်း ပေးပို့ထားတယ်လို့ ပြောပါတယ်ရှင်။
?bph6