ကယားျပည္နယ္မွာ အျပည္ျပည္ဆုိင္ရာ ပန္းခ်ီပန္းပုေက်းရြာ တည္ေထာင္ေရး ေဆြးေႏြး

0
69

ကယားျပည္နယ္အတြင္း အျပည္ျပည္ဆုိင္ရာ ပန္းခ်ီပန္းပုေက်းရြာ တည္ေထာင္ႏိုင္ေရးအတြက္ International Watercolor Society Myanmar မွ ဦးမင္းေဝေအာင္၊ ေဒၚသန္းသန္းေမာ္၊ ဦးမင္းေမာ္ေအာင္နဲ႔ ဒါ႐ိုက္တာ ၾကည္ျဖဴသွ်င္တို႔က ကယားျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္း႐ႈိနဲ႔ သြားေရာက္ ေဆြးေႏြးခဲ့ၾကပါတယ္။

 

ပန္းခ်ီ မင္းေဝေအာင္က တ႐ုတ္ႏိုင္ငံ၊ ကိုရီးယားႏိုင္ငံေတြမွာ International Art Village ေတြ တည္ေထာင္ၿပီး ကမာၻ႔ႏိုင္ငံေတြက ပန္းခ်ီ၊ ပန္းပုပညာရွင္ေတြကို ဖိတ္ေခၚကာ ပညာရပ္ေတြ ႏွီးေႏွာဖလွယ္တာ၊ ပညာရွင္ေတြ ေရးဆြဲထားတဲ့ ပန္းခ်ီ၊ ပန္းပုလက္ရာေတြ ျပသတာ၊ တိုင္းရင္းသား ႐ိုးရာယဥ္ေက်းမႈ အတီးအမႈတ္၊ အကေတြနဲ႔ သီဆိုေဖ်ာ္ေျဖတာေတြ ျပဳလုပ္ၾကေၾကာင္း ရွင္းလင္းတင္ျပခဲ့ပါတယ္။

ကယားျပည္နယ္ ဝန္ႀကီးခ်ဳပ္ကလည္း ကယားျပည္နယ္အတြင္း International Art Village တည္ေထာင္ႏိုင္ေရး သင့္ေတာ္တဲ့ ေျမေနရာ ရွာေဖြၿပီး ျပန္လည္အေၾကာင္းျပန္ၾကားေပးမယ္လို႔ ေျပာၾကားခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကယားပြည်နယ်မှာ အပြည်ပြည်ဆိုင်ရာ ပန်းချီပန်းပုကျေးရွာ တည်ထောင်ရေး ဆွေးနွေး

ကယားပြည်နယ်အတွင်း အပြည်ပြည်ဆိုင်ရာ ပန်းချီပန်းပုကျေးရွာ တည်ထောင်နိုင်ရေးအတွက် International Watercolor Society Myanmar မှ ဦးမင်းဝေအောင်၊ ဒေါ်သန်းသန်းမော်၊ ဦးမင်းမော်အောင်နဲ့ ဒါရိုက်တာ ကြည်ဖြူသျှင်တို့က ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနဲ့ သွားရောက် ဆွေးနွေးခဲ့ကြပါတယ်။

ပန်းချီ မင်းဝေအောင်က တရုတ်နိုင်ငံ၊ ကိုရီးယားနိုင်ငံတွေမှာ International Art Village တွေ တည်ထောင်ပြီး ကမ္ဘာ့နိုင်ငံတွေက ပန်းချီ၊ ပန်းပုပညာရှင်တွေကို ဖိတ်ခေါ်ကာ ပညာရပ်တွေ နှီးနှောဖလှယ်တာ၊ ပညာရှင်တွေ ရေးဆွဲထားတဲ့ ပန်းချီ၊ ပန်းပုလက်ရာတွေ ပြသတာ၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အတီးအမှုတ်၊ အကတွေနဲ့ သီဆိုဖျော်ဖြေတာတွေ ပြုလုပ်ကြကြောင်း ရှင်းလင်းတင်ပြခဲ့ပါတယ်။

ကယားပြည်နယ် ဝန်ကြီးချုပ်ကလည်း ကယားပြည်နယ်အတွင်း International Art Village တည်ထောင်နိုင်ရေး သင့်တော်တဲ့ မြေနေရာ ရှာဖွေပြီး ပြန်လည်အကြောင်းပြန်ကြားပေးမယ်လို့ ပြောကြားခဲ့ပါတယ်။

?bph6