၁၀ တန်းအောင်မြင်ပြီးသူတွေ စင်ကာပူမှာ အလုပ်လုပ်ရင်း ကျောင်းတက်နိုင် (ရုပ်/သံ)

0
291








>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

၁၀ တန်းအောင်မြင်ပြီးသူတွေ စင်ကာပူမှာ အလုပ်လုပ်ရင်း ကျောင်းတက်နိုင်

တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူတွေ စင်္ကာပူနိုင်ငံမှာ အလုပ်လုပ်ရင်း ကျောင်းတက်နိုင်မှာ ဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မောင်ထွေးက ပေးပို့ထားပါတယ်။

တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူတွေ၊ ပုဂ္ဂလိကစာသင်ကျောင်း IGCSE ဖြေဆိုပြီးသူတွေဟာ Management Development Institute of Singapore MDIS ကျောင်းမှာ တက်ရောက်ဖို့အတွက် ဖေါင်ဒေးရှင်း ဒီပလိုပမာကနေ စတင် တက်ရောက်ရမှာ ဖြစ်ပါတယ်။

အဲဒီကျောင်းမှာ ဟိုတယ်နဲ့ ခရီးသွားလာရေး ဘာသာရပ်ကို သင်ယူသူတွေက အလုပ်လုပ်ရင်း ကျောင်းတက် နိုင်မှာ ဖြစ်ပါတယ်။

Soundbite ဒေါ်စုစုလှိုင် (မန်နေဂျင်းဒါရိုက်တာ)
Myanmar Search International

အဲဒီ ဟိုတယ်နဲ့ခရီး ဘာသာရပ်ကို သင်ယူသူတွေက ၆ လ အလုပ်လုပ်ရင်း ကျောင်းတက်နိုင်မှာ ဖြစ်ပြီး၊ ကျောင်းပြီးဆုံးခဲ့ရင် စင်္ကာပူနိုင်မှာ အလုပ်ဝင်ရောက်နိုင်မှာလည်း ဖြစ်ပါတယ်။

Soundbite ဒေါ်မေသိန်းလွင် (Country Manager)
Management Development Institute of Singapore

စင်္ကာပူနိုင်ငံ MDIS ကျောင်းနဲ့ ပတ်သက်ပြီး အောက်တိုဘာလ ၇ ရက်နေ့က ရန်ကုန်မြို့ ဆူးလေ ရှန်ဂီလာဟိုတယ်မှာ ဆွေးနွေးပွဲ ပြုလုပ်ခဲ့တာပါ။
စင်္ကာပူနိုင်ငံ Management Development Institute of Singapore MDIS မှာ စီးပွား၊ စီမံ ဘာသာရပ်၊ အင်ဂျင်နီယာဘာသာရပ်၊ ဖက်ရှင်နဲ့ ဒီဇိုင်း ဘာသာရပ်၊ ဆေးပညာဘာသာရပ်၊ IT ဘာသာရပ်နဲ့ ဟိုတယ်နဲ့ခရီး ဘာသာရပ်တွေကို သင်ကြားပေးနေတာ ဖြစ်ပါတယ်ခင်ဗျာ။

?bph6