တကၠသုိလ္ေက်ာင္းသားလူငယ္ေတြ ပင္လုံညီလာခံနဲ႔တူတဲ့ ညီလာခံတစ္ခု ျပဳလုပ္မယ္ (႐ုပ္/သံ)

0
72

ပင္လံုညီလာခံနဲ႔ အလားသ႑ာန္တူတဲ႔ ညီလာခံတစ္ခုကို တိုင္းနဲ႔ျပည္နယ္အသီးသီးက တကၠသိုလ္ေက်ာင္းသားလူငယ္ေတြနဲ႔ ျပဳလုပ္သြားဖို႔ရွိပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ေအာင္သူက ေပးပို႔ထားပါတယ္။

PLAN International Myanmar အဖြဲ႔က ဦးေဆာင္ၿပီး ပင္လံုညီလာခံနဲ႔ အလားသ႑ာန္တူတဲ႔ ညီလာခံတစ္ခုကို လက္ရွိ ပင္လံုမွာ ေဆြးေႏြးေနတဲ့ ေခါင္းေဆာင္ေတြအပါအ၀င္ တိုင္းနဲ႔ျပည္နယ္အသီးသီးက တကၠသိုလ္ေက်ာင္းသားလူငယ္ အေယာက္ (၈၀)နီးပါးနဲ႔ ႏို၀င္ဘာလအတြင္း ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။

ေအာက္တိုဘာလ(၈)ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ PLAN International Myanmar ႐ုံးမွာ အျပည္ျပည္ဆိုင္ရာ မိန္းကေလးမ်ားေန႔ အခမ္းအနားကုိ ပထမဦးဆံုးအႀကိမ္ ရန္ကုန္ၿမိဳ႕မွာ က်င္းပသြားဖို႔ရွိေနတာနဲ႔ပတ္သတ္ၿပီး သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ႔တာပါ။

Sound Bite——–ေဒၚလင္းလင္းေအာင္(စီမံကိန္းဒါ႐ုိက္တာ)
PLAN International Myanmar အဖြဲ႔

ဒါ့အျပင္ ဒီညီလာခံမွာ တကၠသိုလ္ေက်ာင္းသား၊ ေက်ာင္းသူေတြအေနနဲ႔ လက္ရွိ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြနဲ႔ ပတ္သတ္တဲ့ အေတြ႔အၾကံဳ၊ ဗဟုသုတေတြနဲ႔ တိုင္းျပည္ဖြံ႔ၿဖိဳးတိုးတက္ဖို႔ ဘယ္လိုလုပ္ေဆာင္သင္႔တယ္ဆိုတဲ႔ အေတြ႔အၾကံဳေတြရရွိေစဖို႔ ရည္ရြယ္တယ္လို႔လည္း PLAN International Myanmar အဖြဲ႔က ေျပာပါတယ္။

Sound Bite——–ေဒၚလင္းလင္းေအာင္(စီမံကိန္းဒါရိုက္တာ)
PLAN International Myanmar အဖြဲ႔

လာမယ့္ ေအာက္တိုဘာလ (၁၁)ရက္ေန႔မွာ က်ေရာက္မယ္႔ အျပည္ျပည္ဆိုင္ရာ မိန္းကေလးမ်ားေန႔ကို ဂုဏ္ျပဳတဲ့အေနနဲ႔ အဲဒီညီလာခံမွာ အမ်ိဳးသမီးလူငယ္ ၅၀ ရာခိုင္နႈန္း ပါ၀င္မယ္လို႔လည္း ေျပာပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တက္ကသိုလ်ကျောင်းသားလူငယ်တွေ ပင်လုံညီလာခံနဲ့တူတဲ့ ညီလာခံတစ်ခု ပြုလုပ်မယ်

ပင်လုံညီလာခံနဲ့ အလားသဏ္ဍာန်တူတဲ့ ညီလာခံတစ်ခုကို တိုင်းနဲ့ပြည်နယ်အသီးသီးက တက္ကသိုလ်ကျောင်း
သားလူငယ်တွေနဲ့ ပြုလုပ်သွားဖို့ရှိပါတယ်။ ဒီသတင်းကို MCN သတင်းထောက် အောင်သူက ပေးပို့ထားပါတယ်။

PLAN International Myanmar အဖွဲ့က ဦးဆောင်ပြီး ပင်လုံညီလာခံနဲ့ အလားသဏ္ဍာန်တူတဲ့ ညီလာခံတစ်ခုကို လက်ရှိ ပင်လုံမှာ ဆွေးနွေးနေတဲ့ ခေါင်းဆောင်တွေအပါအဝင် တိုင်းနဲ့ပြည်နယ်အသီးသီးက တက္ကသိုလ်ကျောင်းသားလူငယ် အယောက် (၈၀)နီးပါးနဲ့ နိုဝင်ဘာလအတွင်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အောက်တိုဘာလ(၈)ရက်နေ့က ရန်ကုန်မြို့၊ PLAN International Myanmar ရုံးမှာ အပြည်ပြည်ဆိုင်ရာ မိန်းကလေးများနေ့ အခမ်းအနားကို ပထမဦးဆုံးအကြိမ် ရန်ကုန်မြို့မှာ ကျင်းပသွားဖို့ရှိနေတာနဲ့ ပတ်သတ်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။

Sound Bite——–ဒေါ်လင်းလင်းအောင်(စီမံကိန်းဒါရိုက်တာ)
PLAN International Myanmar အဖွဲ့

ဒါ့အပြင် ဒီညီလာခံမှာ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ ပတ်သတ်တဲ့ အတွေ့အကြုံ၊ ဗဟုသုတတွေနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ ဘယ်လိုလုပ်ဆောင်သင့်တယ်ဆိုတဲ့ အတွေ့အကြုံတွေရရှိစေဖို့ ရည်ရွယ်တယ်လို့လည်း PLAN International Myanmar အဖွဲ့က ပြောပါတယ်။

Sound Bite——–ဒေါ်လင်းလင်းအောင်(စီမံကိန်းဒါရိုက်တာ)
PLAN International Myanmar အဖွဲ့

လာမယ့် အောက်တိုဘာလ (၁၁)ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ မိန်းကလေးများနေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ အဲဒီညီလာခံမှာ အမျိုးသမီးလူငယ် ၅၀ ရာခိုင်နှုန်း ပါဝင်မယ်လို့လည်း ပြောပါတယ်ခင်ဗျာ။

?bph6