ၿငိမ္းခ်မ္းေရးျဖစ္စဥ္မွာ ပါ၀င္မယ့္ လူငယ္ေတြ အရည္အခ်င္းျပည့္၀ဖုိ႔ လုိအပ္ (႐ုပ္/သံ)

0
307

ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြမွာ လူငယ္ေတြပါ၀င္ႏိုင္ဖို႔ အရည္အခ်င္းျပည့္၀ေအာင္ ျပင္ဆင္ထားဖို႔ လိုအပ္တယ္လို႔ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ (အသြင္တူေဆာင္ရြက္ျခင္း) က်င္းပေရးေကာ္မတီက ေျပာပါတယ္။ ဒီသတင္းကုိေတာ့ MCN သတင္းေထာက္ မင္းျပည့္ႏုိင္က ေပးပုိ႔ထားပါတယ္။

ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ (အသြင္တူေဆာင္ရြက္ျခင္း)က်င္းပႏိုင္ဖို႔ ျမန္မာႏုိင္ငံက တကၠသုိလ္နဲ႔ ေကာလိပ္အသီးသီးေတြမွာ ပညာသင္ၾကားေနတဲ့ အသက္ ၁၇ ႏွစ္ကေန ၂၄ ႏွစ္ၾကားရွိ အရည္အခ်င္းျပည့္၀တဲ့ ေက်ာင္းသားေက်ာင္းသူေတြကုိ ဖိတ္ေခၚေရြးခ်ယ္သြားမွာျဖစ္ပါတယ္။

အဲဒီလို ဖိတ္ေခၚေရြးခ်ယ္သြားမွာျဖစ္တာေၾကာင့္ လူငယ္ေတြအေနနဲ႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြမွာ ပါ၀င္ႏုိင္ဖုိ႔အတြက္ ဘက္ေပါင္းစုံက အရည္အခ်င္းျပည့္စုံတဲ့ လူငယ္တစ္ေယာက္ျဖစ္ဖုိ႔ ျပင္ဆင္ထားဖုိ႔ လုိအပ္တယ္လုိ႔ က်င္းပေရးေကာ္မတီက ေျပာပါတယ္။

ေအာက္တုိဘာလ ၈ ရက္ေန႔က ရန္ကုန္ၿမဳိ႕ ဗဟန္းၿမဳိ႕နယ္ရွိ ေတာ္၀င္ႏွင္းဆီခန္းမမွာ ျပည္ေထာင္စုၿငိမ္းခ်မ္း ေရးညီလာခံ (အသြင္တူေဆာင္ရြက္ျခင္း) သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့တာပါ။

အင္တာဗ်ဴး သဇင္ေအာင္ (ဗဟုိႀကီးၾကပ္ေရးေကာ္မတီ၀င္)
ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးညီလာခံ (အသြင္တူေဆာင္ရြက္ျခင္း)က်င္းပေရးေကာ္မတီ

ဒါ့အျပင္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြ လုပ္ကုိင္ရာမွာ သစ္ပင္ေတြစုိက္ဖုိ႔ မ်ဳိးေစ့ခ်ေပးရတာနဲ႔ တူညီေနၿပီး ဒီလုပ္ငန္းေတြက ျဖစ္ေပၚတုိးတက္လာတဲ့ အက်ဴိးအဆက္အားလုံးကုိ အနာဂတ္မ်ဳိးဆက္သစ္လူငယ္ေတြကပဲ ခံစားရမွာျဖစ္တယ္လုိ႔လည္း ျမန္မာ့ၿငိမ္းခ်မ္းေရးနဲ႔ လုံၿခဳံေရးအင္စတီက်ဴရဲ႕အလုပ္အမႈေဆာင္ ညႊန္ၾကားေရးမွဴး ေဒါက္တာ မင္းေဇာ္ဦးက ေျပာပါတယ္။

အင္တာဗ်ဴး ေဒါက္တာမင္းေဇာ္ဦး (အလုပ္အမႈေဆာင္ ညႊန္ၾကားေရးမွဴး)
ျမန္မာ့ၿငိမ္းခ်မ္းေရးနဲ႔ လုံၿခဳံေရးအင္စတီက်ဴ

ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ(အသြင္တူေဆာင္ရြက္ျခင္း)အတြက္ ေက်ာင္းသားလူငယ္ေတြေရြးခ်ယ္ရာမွာ စည္းမ်ဥ္းစည္းကမ္းနဲ႔အညီ စီစစ္ေရြးခ်ယ္သြားမွာျဖစ္ၿပီး ျမန္မာ့ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြ၊ ပဋိပကၡေျဖရွင္းဖုိ႔နဲ႔ ေဆြးေႏြးညွိႏႈိင္းဖုိ႔ဆုိင္ရာ စြမ္းရည္ျမွင့္တင္ေရးသင္တန္းေတြကုိလဲ ပုိ႔ခ်သြားမွာျဖစ္ပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ငြိမ်းချမ်းရေးဖြစ်စဉ်မှာပါဝင်မယ့်လူငယ်တွေ အရည်အချင်းပြည့်ဝဖို့လိုအပ်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ လူငယ်တွေပါဝင်နိုင်ဖို့ အရည်အချင်းပြည့်ဝအောင် ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (အသွင်တူဆောင်ရွက်ခြင်း) ကျင်းပရေးကော်မတီက ပြောပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် မင်းပြည့်နိုင်က ပေးပို့ထားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (အသွင်တူဆောင်ရွက်ခြင်း)ကျင်းပနိုင်ဖို့ မြန်မာနိုင်ငံက တက္ကသိုလ်နဲ့ ကောလိပ်အသီးသီးတွေမှာ ပညာသင်ကြားနေတဲ့ အသက် ၁၇ နှစ်ကနေ ၂၄ နှစ်ကြားရှိ အရည်အချင်းပြည့်ဝတဲ့ ကျောင်းသားကျောင်းသူတွေကို ဖိတ်ခေါ်ရွေးချယ်သွားမှာဖြစ်ပါတယ်။

အဲဒီလို ဖိတ်ခေါ်ရွေးချယ်သွားမှာဖြစ်တာကြောင့် လူငယ်တွေအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်နိုင်ဖို့အတွက် ဘက်ပေါင်းစုံက အရည်အချင်းပြည့်စုံတဲ့ လူငယ်တစ်ယောက်ဖြစ်ဖို့ ပြင်ဆင်ထားဖို့ လိုအပ် တယ်လို့ ကျင်းပရေးကော်မတီက ပြောပါတယ်။

အောက်တိုဘာလ ၈ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီခန်းမမှာ ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ (အသွင်တူဆောင်ရွက်ခြင်း) သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။

အင်တာဗျူး သဇင်အောင် (ဗဟိုကြီးကြပ်ရေးကော်မတီဝင်)
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (အသွင်တူဆောင်ရွက်ခြင်း)ကျင်းပရေးကော်မတီ

ဒါ့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ လုပ်ကိုင်ရာမှာ သစ်ပင်တွေစိုက်ဖို့ မျိုးစေ့ချပေးရတာနဲ့ တူညီနေပြီး ဒီလုပ်ငန်းတွေက ဖြစ်ပေါ်တိုးတက်လာတဲ့ အကျိူးအဆက်အားလုံးကို အနာဂတ်မျိုးဆက်သစ်လူငယ်တွေကပဲ ခံစားရမှာဖြစ်တယ်လို့လည်း မြန်မာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအင်စတီကျူရဲ့အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးက ပြောပါတယ်။

အင်တာဗျူး ဒေါက်တာ မင်းဇော်ဦး (အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး)
မြန်မာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအင်စတီကျူ

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(အသွင်တူဆောင်ရွက်ခြင်း)အတွက် ကျောင်းသားလူငယ်တွေရွေးချယ်ရာမှာ စည်းမျဉ်းစည်းကမ်းနဲ့အညီ စီစစ်ရွေးချယ်သွားမှာဖြစ်ပြီး မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ၊ ပဋိပက္ခဖြေရှင်းဖို့နဲ့ ဆွေးနွေးညှိနှိုင်းဖို့ဆိုင်ရာ စွမ်းရည်မြှင့်တင်ရေးသင်တန်းတွေကိုလဲ ပို့ချသွားမှာဖြစ်ပါတယ် ခင်ဗျာ။

?bph6