ၾကက္ေျခနီအသင္းနဲ႔ MPT ပူးေပါင္းၿပီး ေရွးဦးျပဳစုျခင္း သင္ခန္းစာေတြ ထုတ္လႊင့္မယ္

0
88

ျမန္မာႏုိင္ငံၾကက္ေျခနီအသင္းက MPT နဲ႔ ပူးေပါင္းၿပီး ေရွးဦးျပဳစုျခင္း သင္ခန္းစာေတြကို First Aid For All က်န္းမာေရး ပညာေပး အစီအစဥ္မ်ားအျဖစ္ သတင္းမီဒီယာေတြနဲ႔ လူမႈကြန္ရက္မီဒီယာေတြမွာ ထုတ္လႊင့္မွာ ျဖစ္ပါတယ္။

ဆက္လက္ လုပ္ေဆာင္မယ့္ “လူတိုင္းအတြက္ေရွးဦးျပဳစုျခင္း” က်န္းမာေရးပညာေပး အစီအစဥ္ေတြမွာ ေက်ာင္းတြင္း လက္ေတြ႔သင္ၾကားမႈနဲ႔ ၿပိဳင္ပြဲအစီအစဥ္ေတြ ထည့္သြင့္ထားၿပီး အခုလကေန စတင္ကာ ၂၀၁၉ ခုႏွစ္ ေဖေဖၚဝါရီလအထိ ထုတ္လႊင့္ျပသမွာ ျဖစ္ပါတယ္။ First Aid For All က်န္းမာေရးအစီအစဥ္ရဲ႕ ဆက္လက္လုပ္ေဆာင္မယ့္ အစီအစဥ္ေတြ မိတ္ဆက္ပြဲအခမ္းအနားကို ဒီေန႔ ေအာက္တိုဘာ ၅ ရက္ ရန္ကုန္ၿမိဳ႕မွာ က်င္းပပါတယ္။

ျမန္မာႏုိင္ငံသားအမ်ားစုက တကယ့္ကို မသိမျဖစ္ သိထားသင့္တဲ့ ေရွးဦးျပဳစုျခင္း နည္းစနစ္ေတြကို လက္လွမ္းမီ သိရွိထားဖို႔ ခက္ခဲေနဆဲျဖစ္ေၾကာင္း၊ အခု ေဆာင္ရြက္မႈမွာ အေျခခံပညာ ေက်ာင္းေတြအထိ ပူးေပါင္းပါဝင္ လာႏုိင္တာကို ျမင္ရတာ အလြန္အားတက္ေၾကာင္း ျမန္မာႏုိင္ငံ ၾကက္ေျခနီအသင္း ဒုတိယဥကၠ႒ ေဒါက္တာ နန္းထြမ္းလွ က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>

ကြက်ခြေနီ အသင်းနဲ့ MPT ပူးပေါင်းပြီး ရှေးဦးပြုစုခြင်းသင်ခန်းစာတွေ မီဒီယာက ထုတ်လွှင့်မယ်

မြန်မာနိုင်ငံကြက်ခြေနီအသင်းက MPT နဲ့ ပူးပေါင်းပြီး ရှေးဦးပြုစုခြင်းသင်ခန်းစာတွေကို First Aid For All ကျန်းမာရေး ပညာပေးအစီအစဉ်များအဖြစ် သတင်းမီဒီယာတွေနဲ့ လူမှုကွန်ရက်မီဒီယာတွေ ထုတ်လွှင့်မှာ ဖြစ်ပါတယ်။

ဆက်လက် လုပ်ဆောင်မယ့် “လူတိုင်းအတွက်ရှေးဦးပြုစုခြင်း” ကျန်းမာရေးပညာပေး အစီအစဉ်တွေမှာ ကျောင်းတွင်း လက်တွေ့သင်ကြားမှုနဲ့ ပြိုင်ပွဲအစီအစဉ်တွေ ထည့်သွင့်ထားပြီး အခုလကနေ စတင်ကာ ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလအထိ ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။ First Aid For All ကျန်းမာရေးအစီအစဉ်ရဲ့ ဆက်လက်လုပ်ဆောင်မယ့် အစီအစဉ်တွေ မိတ်ဆက်ပွဲအခမ်းအနားကို ဒီနေ့ အောက်တိုဘာ ၅ ရက် ရန်ကုန်မြို့မှာ ကျင်းပပါတယ်။

မြန်မာနိုင်ငံသားအများစုက တကယ့်ကို မသိမဖြစ် သိထားသင့်တဲ့ ရှေးဦးပြုစုခြင်း နည်းစနစ်တွေကို လက်လှမ်းမီ သိရှိထားဖို့ ခက်ခဲနေဆဲဖြစ်ကြောင်း၊ အခု ဆောင်ရွက်မှုမှာ အခြေခံပညာ ကျောင်းတွေအထိ ပူးပေါင်းပါဝင် လာနိုင်တာကို မြင်ရတာ အလွန်အားတက်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာ နန်းထွမ်းလှ က ပြောပါတယ်။

?bph6