
0
1065




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂါလီ အကြမ်းဖက်သမား ၃၀ဝ မြန်မာလုံခြုံရေးတပ်ဖွဲ့ကို တိုက်ခိုက်ဖို့ စီစဉ်နေကြောင်း အိန္ဒိယ ပြော

ဘင်္ဂါလီ အကျပ်အတည်းနဲ့ ပတ်သက်လို့ နိုင်ငံတကာဖိအားတွေ ရှိနေစဉ်မှာပဲ ဘင်္ဂါလီ အကြမ်းဖက်သမား ၃၀ဝ ခန့်က မြန်မာလုံခြုံရေးတပ်ဖွဲ့တွေကို အကြီးအကျယ် တိုက်ခိုက်ဖို့ စီစဉ်နေတယ်လို့ နောက်ဆုံးရ အိန္ဒိယ ထောက်လှမ်းရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

ARSA အကြမ်းဖက်သမား ၃၀ဝ ခန့်က အဆင့်မြင့် လက်နက်တွေနဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့ကို တိုက်ခိုက်ဖို့ စီစဉ်ထားပြီး ဘင်္ဂလားဒေ့ရှ် နယ်စပ် တွန်ဘရူဧရိယာမှာ နေထိုင်သူတွေထဲ ရောနှောဝင်ရောက်ထားပြီး ဖြစ်တယ်လို့ ထောက်လှမ်းရေး အစီရင်ခံစာမှာ ဖော်ပြထားကြောင်း DNA အိန္ဒိယ သတင်းမှာ ဖော်ပြထားပါတယ်။

ARSA က ဘင်္ဂလားဒေ့ရှ် အခြေစိုက် ဂျီဟာဒီ အုပ်စုတွေဆီကနေ အသေခံဗုံးခွဲမယ့် ဝတ်စုံတွေ ရရှိအောင်၊ အဆင့်မြှင့်ထားတဲ့ ဖောက်ခွဲရေး ပစ္စည်း အမြောက်အမြားရရှိအောင် စီမံထားတယ်လို့ အိန္ဒိယ အဆင့်မြင့် ထောက်လှမ်းရေး သတင်းရင်းမြစ်က ပြောပါတယ်။

?bph6