သူနာပြုဒီပလိုမာ အခမဲ့ပညာသင်ဆု ရရှိထားတဲ့သူ ၄၃ ဦး ရှိ (ရုပ်/သံ)

0
684






သုခစုစံကုမ္ပဏီ


သုခစုစံကုမ္ပဏီ


>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သူနာပြုဒီပလိုမာ အခမဲ့ပညာသင်ဆု ရရှိထားတဲ့သူ ၄၃ ဦး ရရှိ

သူနာပြုဒီပလိုမာ အခမဲ့ပညာသင်ဆု ရရှိထားတဲ့သူတွေ စင်္ကာပူနိုင်ငံ နမ့်ယန်းဘက်စုံ နည်းပညာတက္ကသိုလ်မှာ တက်ရောက်သင်ယူရမှာ ဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မောင်ထွေးက ပေးပို့ထားပါတယ်။

စင်္ကာပူနိုင်ငံရှိ နမ့်ယန်းဘက်စုံနည်းပညာတက္ကသိုလ် သူနာပြုဒီပလိုမာ အခမဲ့ပညာသင်ဆု ရရှိထားတဲ့သူ ၄၃ ဦး ရှိတာ ဖြစ်ပါတယ်။

အဲဒီလို အခမဲ့ ပညာသင်ဆု ရရှိထားတဲ့သူတွေက ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ စင်္ကာပူနိုင်ငံကို သွားရောက်ပြီး၊ ဇန်နဝါရီလကနေ မတ်လအထိ အင်္ဂလိပ်စာ သင်ယူရမှာ ဖြစ်ပါတယ်။

အဲဒီလို သင်ယူပြီးမှ ဧပြီလ ၁ ရက်နေ့ကစတင်ပြီး နမ့်ယန်းဘက်စုံနည်းပညာတက္ကသိုလ် သူနာပြုဒီပလိုမာ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၄ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်ဂါးဒင်းဟိုတယ်မှာ ၁၄ ကြိမ်မြောက် သူနာပြုဒီပလိုမာ အခမဲ့ပညာသင်ဆုရွေးချယ်ခြင်း အခမ်းအနား ပြုလုပ်ခဲ့တာပါ။

Soundbite ဒေါ်ဥမ္မာမြင့် (မန်နေဂျင်းဒါရိုက်တာ)
သုခစုစံကုမ္ပဏီ

အခမဲ့ ပညာသင်ဆုရရှိထားတဲ့သူတွေက ဒီပလိုပညာသင်နှစ် ၃ နှစ် ပြီးဆုံးခဲ့ရင် စင်္ကာပူနိုင်ငံရှိ ဆေးရုံတွေမှာ ၁ နှစ်ခွဲ လက်တွေ့ သင်ယူရမှာ ဖြစ်ပြီး အဲဒီဆေးရုံတွေမှာ အလုပ်ပြန်လည် ဝင်ရောက်နိုင်မှာလည်း ဖြစ်ပါတယ်။

Soundbite ဒေါ်ဥမ္မာမြင့် (မန်နေဂျင်းဒါရိုက်တာ)
သုခစုစံကုမ္ပဏီ

နမ့်ယန်းဘက်စုံနည်းပညာတက္ကသိုလ်မှာ သူနာပြုဒီပလိုမာ၊ ကျန်းမာရေးသိပ္ပံဒီပလိုမာတွေ သင်ကြားပေးနေတာ ဖြစ်ပြီး၊ အာဆီယံနိုင်ငံဝင်တွေထဲက မြန်မာနိုင်ငံကို သူနာပြုဒီပလိုမာ အခမဲ့ပညာသင်ဆု အများဆုံးပေးထားတာ ဖြစ်ပါတယ် ခင်ဗျာ။

?bph6