တီဘီေရာဂါ တိုက္ဖ်က္ေရး အဆင့္ျမင့္အစည္းအေဝးမွာ ဝန္ႀကီး ဦးေက်ာ္တင္ မိန္႔ခြန္းေျပာ

0
358

အေမရိကန္ႏိုင္ငံ၊ နယူးေယာက္ၿမိဳ႕မွာ က်င္းပတဲ့ (၇၃)ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြညီလာခံကို တက္ေရာက္ေနစဥ္အတြင္း တီဘီေရာဂါ တိုက္ဖ်က္ေရးဆိုင္ရာ အဆင့္ျမင့္အစည္းအေဝးမွာ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင္ တက္ေရာက္ မိန္႔ခြန္း ေျပာၾကားပါတယ္။

ဒါ့အျပင္ တီဘီေရာဂါ ပေပ်ာက္ကင္းစင္ေရးအတြက္ ျမန္မာႏိုင္ငံ တီဘီေရာဂါ တိုက္ဖ်က္ေရးဆိုင္ရာ အမ်ဳိးသား မဟာဗ်ဴဟာ အစီအစဥ္ (၂ဝ၁၆-၂ဝ၂ဝ) ကို ခ်မွတ္ ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ တီဘီနဲ႔ ဆီးခ်ဳိေရာဂါ သံသယ လူနာေတြကို အျပန္အလွန္ လႊဲေျပာင္းညႊန္း ပို႔ၿပီး ေရာဂါ ရွာေဖြေဖာ္ထုတ္မႈေတြ ျပဳလုပ္ေပးေနေၾကာင္း ဝန္ႀကီး ဦးေက်ာ္တင္က ေျပာပါတယ္။

ျမန္မာ ႏိုင္ငံအေနနဲ႔ ျပည္တြင္းနဲ႔ ႏိုင္ငံတကာ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ တိုးျမႇင့္ႏိုင္ရန္နဲ႔ တီဘီေရာဂါဆိုင္ရာ Multi-sectoral accountability framework (MAF) တည္ေထာင္ႏိုင္ရန္ နည္းလမ္းေတြ ရွာေဖြေနေၾကာင္း၊ တီဘီေရာဂါ တိုက္ဖ်က္ေရးအတြက္ ကမာၻ႔အဆင့္ ခ်မွတ္ထားတဲ့ ရည္မွန္းခ်က္ေတြ ေအာင္ျမင္ဖို႔ အလွမ္းေဝးေနဆဲ ျဖစ္ေပမယ့္ မိမိတို႔အေနနဲ႔ အစြမ္းကုန္ႀကိဳးပမ္း ေဆာင္ရြက္သြားဖို႔ သႏၷိ႒ာန္ ခ်မွတ္ထားေၾကာင္းလည္း သူက ေျပာသြားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တီဘီရောဂါ တိုက်ဖျက်ရေး အဆင့်မြင့်အစည်းအဝေးမှာ ဝန်ကြီး ဦးကျော်တင် မိန့်ခွန်းပြော

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ကျင်းပတဲ့ (၇၃) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်နေစဉ်အတွင်း တီဘီရောဂါ တိုက်ဖျက်ရေးဆိုင်ရာ အဆင့်မြင့်အစည်းအဝေးမှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တက်ရောက် မိန့်ခွန်း ပြောကြားပါတယ်။

ဒါ့အပြင် တီဘီရောဂါ ပပျောက်ကင်းစင်ရေးအတွက် မြန်မာနိုင်ငံ တီဘီရောဂါ တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသား မဟာဗျူဟာ အစီအစဉ် (၂ဝ၁၆-၂ဝ၂ဝ) ကို ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ တီဘီနဲ့ ဆီးချိုရောဂါ သံသယ လူနာတွေကို အပြန်အလှန် လွှဲပြောင်းညွှန်း ပို့ပြီး ရောဂါ ရှာဖွေဖော်ထုတ်မှုတွေ ပြုလုပ်ပေးနေကြောင်း ဝန်ကြီး ဦးကျော်တင်က ပြောပါတယ်။

မြန်မာ နိုင်ငံအနေနဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်နိုင်ရန်နဲ့ တီဘီရောဂါဆိုင်ရာ Multi-sectoral accountability framework (MAF) တည်ထောင်နိုင်ရန် နည်းလမ်းတွေ ရှာဖွေနေကြောင်း၊ တီဘီရောဂါ တိုက်ဖျက်ရေးအတွက် ကမ္ဘာ့အဆင့် ချမှတ်ထားတဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ အလှမ်းဝေးနေဆဲ ဖြစ်ပေမယ့် မိမိတို့အနေနဲ့ အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်သွားဖို့ သန္နိဋ္ဌာန် ချမှတ် ထားကြောင်းလည်း သူက ပြောသွားပါတယ်။

?bph6