
0
479




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မန္တလေးမှာ ယာဉ်သက်တမ်းတိုး၊ ယာဉ်စစ်ရက်ချိန်းယူတို့ကို Online Booking စနစ်နဲ့ ဆောင်ရွက်ပေးမယ်

မန္တလေးတိုင်းအတွင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ယာဉ်သက်တမ်းတိုးနဲ့ ယာဉ်စစ် ရက်ချိန်းရယူခြင်းတို့ကို Online Booking စနစ်နဲ့ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

လုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုမရှိစေရေး၊ ပြည်သူများ အဆင်ပြေ ချောမွေ့စေရေးအတွက် www. rtad.gov.mm ဝက်ဘ်ဆိုက်မှာ ကြိုတင်စာရင်း သွင်းတဲ့စနစ် (Online Booking System) နဲ့ အောက်တိုဘာ ၁ ရက်က စတင်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

ရက်ချိန်းရယူလိုတဲ့ ယာဉ်ပိုင်ရှင်တွေဟာ စက်တင်ဘာ ၂၈ ကစတင်ပြီး ယာဉ်စစ်ရက်ချိန်းကို Online Booking စနစ်နဲ့ စတင်ရယူနိုင်မှာ ဖြစ်ပြီး အနည်းဆုံး ၃ ရက်ကနေ အများဆုံး ရက် ၃ဝ အထိ ကြိုတင်ရယူနိုင်မှာ ဖြစ်ပါတယ်။