
0
168




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာကို ပိတ်ဆို့အရေးယူဖို့ သြစတြေးလျ စဉ်းစားနေ

ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကို ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုလုပ်ဖို့ သြစတြေးလျ အစိုးရက စဉ်းစားနေတယ်လို့ SBS သတင်းဌာနက ဖော်ပြပါတယ်။

လူမျိုးတုံး သတ်ဖြတ်မှု၊ လူသားထုတ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု စွပ်စွဲချက်တွေနဲ့ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တွေကို စုံစမ်းစစ်ဆေးသင့်ကြောင်း ကုလသမဂ္ဂက ပြောဆိုပြီးနောက် အခုလို သတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး အဖွဲ့ရဲ့ အစီရင်ခံစာမှာ နိုင်ငံတကာ ဥပဒေအရ ပြင်းထန်တဲ့ ရာဇဝတ်မှု ကျူးလွန်မှုတွေ ရှိနေတာကို ညွှန်ပြနေတယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မာရစ် ပိန်းက ပြောပါတယ်။ သြစတြေးလျ အစိုးရအနေနဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာအရ ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှု ပါအဝင် လုပ်ဆောင်မှုတွေနဲ့ တုံ့ပြန်ဖို့ စဉ်းစားနေတယ်လို့ သူက ပြောပါတယ်။