
0
50




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဗီယက်နမ် သမ္မတတို့ တွေ့ဆုံ

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ကို ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗီယက်နမ် သမ္မတ မစ္စတာ ကျန်ဒိုင်ကွမ်တို့ မနေ့က စက်တင်ဘာ ၁၃ ရက်နေ့မှာ ဟနွိုင်းမြို့ရှိ သမ္မတအိမ်တော်မှာ တွေ့ဆုံကြပါတယ်။

တွေ့ဆုံပွဲမှာ နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး၊ နှစ်နိုင်ငံ မြို့တွေအကြား ညီအစ်မမြို့တော်များ တိုးချဲ့တည်ထောင်ရေး၊ နှစ်နိုင်ငံ ပြည်သူများအကြား အပြန်အလှန် ထိတွေ့ဆက်ဆံရေးနဲ့ ခရီးသွား လာမှုတိုးမြှင့်ရေးတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကြိုးပမ်း အားထုတ်မှုတွေမှာ ဗီယက်နမ် နိုင်ငံက ဆက်လက် ထောက်ခံအားပေးရေး ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။

?bph6