သီရိမဂၤလာေစ်းေဟာင္း အေဆာက္အအုံကို ျပင္ဆင္ဖို႔ အစီအစဥ္ မရွိေသး

0
75

ရန္ကုန္ၿမိဳ႕ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ ကမ္းနားလမ္းရွိ အႏၲရာယ္ရွိ အေဆာက္အအုံအျဖစ္ ေၾကညာထားတဲ့ သီရိမဂၤလာေစ်းေဟာင္း အေဆာက္အအုံကို လတ္တေလာအေျခအေနအရ ျပင္ဆင္ဖို႔ အစီအစဥ္ မရွိေသးဘူးလို႔ စည္ပင္သာယာေရးဝန္ႀကီး ဦးေမာင္ေမာင္စိုးက ေျပာပါတယ္။

မေန႔က စက္တင္ဘာ ၁၃ ရက္ေန႔မွာ က်င္းပတဲ့ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္အစည္းအေဝးမွာ စည္ပင္သာယာေရးဝန္ႀကီး ဦးေမာင္ေမာင္စိုးက ေျပာၾကားသြားတာ ျဖစ္ပါတယ္။ ၂၀၁၅ ခုႏွစ္ အတြင္း ပညာရွင္ အဖြဲ႔ေတြနဲ႔ အႀကိမ္ႀကိမ္ စစ္ေဆးခဲ့ရာမွာ အေဆာက္အအုံေတြရဲ႕ ပ်က္စီးတဲ့ ေနရာေတြဟာ အႏၲရာယ္ရွိေၾကာင္း စစ္ေဆးေတြ႔ရွိရပါတယ္။

၂ဝ၁၇ ခုႏွစ္ ၾသဂုလ္လမွာ ထပ္မံစစ္ေဆးခဲ့ရာ ပ်က္စီးေနတဲ့ ေနရာေတြဟာ အရင္ကထက္ ပိုမို ပ်က္စီးမႈေတြ ျဖစ္ေပၚေနၿပီး အႏၲရာယ္ရွိႏိုင္တဲ့ အေနအထားကို ေရာက္ရွိေနတဲ့အတြက္ သတင္းစာေတြထဲကေန အႏၲရာယ္ရွိ အေဆာက္အအုံအျဖစ္ ေၾကညာခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သီရိမင်္ဂလာဈေးဟောင်း အဆောက်အအုံကို ပြင်ဆင်ဖို့ အစီအစဉ် မရှိသေး

ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်းရှိ အန္တရာယ်ရှိ အဆောက်အအုံအဖြစ် ကြေညာထားတဲ့ သီရိမင်္ဂလာဈေးဟောင်း အဆောက်အအုံကို လတ်တလောအခြေအနေအရ ပြင်ဆင်ဖို့ အစီအစဉ် မရှိသေးဘူးလို့ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက ပြောပါတယ်။

မနေ့က စက်တင်ဘာ ၁၃ ရက်နေ့မှာ ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက ပြောကြားသွားတာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် အတွင်း ပညာရှင် အဖွဲ့တွေနဲ့ အကြိမ်ကြိမ် စစ်ဆေးခဲ့ရာမှာ အဆောက်အအုံတွေရဲ့ ပျက်စီးတဲ့ နေရာတွေဟာ အန္တရာယ်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။

၂ဝ၁၇ ခုနှစ် သြဂုလ်လမှာ ထပ်မံစစ်ဆေးခဲ့ရာ ပျက်စီးနေတဲ့ နေရာတွေဟာ အရင်ကထက် ပိုမို ပျက်စီးမှုတွေ ဖြစ်ပေါ်နေပြီး အန္တရာယ်ရှိနိုင်တဲ့ အနေအထားကို ရောက်ရှိနေတဲ့အတွက် သတင်းစာတွေထဲကနေ အန္တရာယ်ရှိ အဆောက်အအုံအဖြစ် ကြေညာခဲ့တာ ဖြစ်ပါတယ်။

?bph6