လူကုန္ကူးမႈ ႏွိမ္နင္းေရး စိန္ေခၚမႈေတြနဲ႔ ႀကံဳေနရ

0
77

လူကုန္ကူးမႈ ႏွိနင္းေရးနဲ႔ ပတ္သက္ၿပီး စိန္ေခၚမႈ မ်ားစြာနဲ႔ ရင္ဆိုင္ႀကံဳေတြ႔ေနရတယ္လို႔ စစ္ကိုင္းတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာ ျမင့္ႏိုင္က ေျပာပါတယ္။

မေန႔က စက္တင္ဘာ ၁၃ ရက္က မုံရြာၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမမွာ က်င္းပတဲ့ လူကုန္ကူးမႈ တိုက္ဖ်က္ေရးေန႔ အထိမ္းအမွတ္ အခမ္းအနားမွာ တိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာ ျမင့္ႏိုင္က အထူးသျဖင့္ အေရွ႕ေတာင္အာရွရဲ႕ ဖံြ႔ၿဖိဳးဆဲႏိုင္ငံေတြဟာ သက္ေရာက္မႈ အမ်ားဆုံး ခံေနရပါတယ္။ ဒါေၾကာင့္ မူရင္းႏိုင္ငံ၊ ဆိုက္ေရာက္ႏိုင္ငံ၊ ၾကားခံႏိုင္ငံေတြ ၾကားမွာ ႀကိဳတင္ကာကြယ္ေရးဆိုင္ရာ အထူးစီမံကိန္းေတြ ခ်မွတ္ေဆာင္ရြက္ဖို႔ လိုအပ္ပါတယ္လို႔ ေျပာသြားပါတယ္။

သူက ဆက္လက္ၿပီး မူရင္းႏိုင္ငံေတြရဲ႕ စီးပြားေရး၊ လူမႈေရး၊ ႏိုင္ငံေရးေတြ တိုးျမင့္ေစတာဟာလည္း အေရးပါတ့ဲ ကိစၥတစ္ခုျဖစ္ပါတယ္လို႔ ေျပာခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လူကုန်ကူးမှု နှိမ်နင်းရေး စိန်ခေါ်မှုတွေနဲ့ ကြုံနေရ

လူကုန်ကူးမှု နှိနင်းရေးနဲ့ ပတ်သက်ပြီး စိန်ခေါ်မှု များစွာနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်က ပြောပါတယ်။

မနေ့က စက်တင်ဘာ ၁၃ ရက်က မုံရွာမြို့ မြို့တော်ခန်းမမှာ ကျင်းပတဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားမှာ တိုင်းဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်က အထူးသဖြင့် အရှေ့တောင်အာရှရဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ သက်ရောက်မှု အများဆုံး ခံနေရပါတယ်။ ဒါကြောင့် မူရင်းနိုင်ငံ၊ ဆိုက်ရောက်နိုင်ငံ၊ ကြားခံနိုင်ငံတွေ ကြားမှာ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အထူးစီမံကိန်းတွေ ချမှတ်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်လို့ ပြောသွားပါတယ်။

သူက ဆက်လက်ပြီး မူရင်းနိုင်ငံတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးတွေ တိုးမြင့်စေတာဟာလည်း အရေးပါတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်။

?bph6