မႏၱေလးမွာ စစ္မႈထမ္းေဟာင္းေတြ ဆႏၵျပ

0
41

မႏၲေလးၿမိဳ႕၊ မဟာေအာင္ေျမၿမိဳ႕နယ္ရွိ မေနာရမၼံ လူထုဟစ္တိုင္ကြင္းမွာ မေန႔က စက္တင္ဘာ ၁၃ ရက္ေန႔က တပ္မေတာ္ကို ျပင္ပက စြက္ဖက္လုပ္ေဆာင္ေနမႈေတြနဲ႔ ပတ္သက္ၿပီး စစ္မႈထမ္းေဟာင္းေတြက ဆန္႔က်င္ဆႏၵျပခဲ့ၾကပါတယ္။

ဆႏၵျပပြဲမွာ ခ်မ္းေအးသာစံၿမိဳ႕နယ္ စစ္မႈထမ္းေဟာင္းအဖြဲ႔က အၿငိမ္းစားေတြနဲ႔ အရန္အဖြဲ႔ဝင္ေတြ ပါဝင္ခဲ့ၿပီး ရခိုင္ျပည္နယ္ အေရးကိစၥနဲ႔ ပတ္သက္လို႔ တပ္မေတာ္အေပၚ က်ေရာက္ေနတဲ့ ႏိုင္ငံတကာဖိအားေတြေၾကာင့္ ဆႏၵျပၾကတာ ျဖစ္ပါတယ္။

ဆႏၵျပပြဲမွာ “မဆီမဆိုင္ ႏိုင္ငံေရး စြက္ဖက္ေသာ Facebook ကို လုံးဝ ဆန္႔က်င္႐ႈတ္ခ်သည္”၊ “ဘက္လိုက္ေသာ ကုလသမဂၢ အခ်က္အလက္ရွာေဖြေရး ေကာ္မရွင္၏ မမွ်မတ တစ္ဖက္သတ္ အစီရင္ခံစာတို႔ လုံးဝလက္မခံ” စတဲ့ စာသားေတြ ေရးထားတဲ့ ဗီႏိုင္းေတြကို ကိုင္ေဆာင္ ဆႏၵျပခဲ့ၾကတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မန္တလေးမှာ စစ်မှုထမ်းဟောင်းတွေ ဆန္ဒပြ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ မနောရမ္မံ လူထုဟစ်တိုင်ကွင်းမှာ မနေ့က စက်တင်ဘာ ၁၃ ရက်နေ့က တပ်မတော်ကို ပြင်ပက စွက်ဖက်လုပ်ဆောင်နေမှုတွေနဲ့ ပတ်သက်ပြီး စစ်မှုထမ်းဟောင်းတွေက ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲမှာ ချမ်းအေးသာစံမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့က အငြိမ်းစားတွေနဲ့ အရန်အဖွဲ့ဝင်တွေ ပါဝင်ခဲ့ပြီး ရခိုင်ပြည်နယ် အရေးကိစ္စနဲ့ ပတ်သက်လို့ တပ်မတော်အပေါ် ကျရောက်နေတဲ့ နိုင်ငံတကာဖိအားတွေကြောင့် ဆန္ဒပြကြတာ ဖြစ်ပါတယ်။

ဆန္ဒပြပွဲမှာ “မဆီမဆိုင် နိုင်ငံရေး စွက်ဖက်သော Facebook ကို လုံးဝ ဆန့်ကျင်ရှုတ်ချသည်”၊ “ဘက်လိုက်သော ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး ကော်မရှင်၏ မမျှမတ တစ်ဖက်သတ် အစီရင်ခံစာတို့ လုံးဝလက်မခံ” စတဲ့ စာသားတွေ ရေးထားတဲ့ ဗီနိုင်းတွေကို ကိုင်ဆောင် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

?bph6