
0
92




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဦးကိုနီ လုပ်ကြံခံရမှု ၇၅ ကြိမ်မြောက် ရုံးထုတ်

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံရလို့ သေဆုံးသွားတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး မြောက်ပိုင်း ခရိုင်တရားရုံးမှာ မနေ့က စက်တင်ဘာ ၁၃ ရက်နေ့က ၇၅ ကြိမ်မြောက် ရုံးထုတ်ခဲ့ပါတယ်။

ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး သေနတ်သမား ကြည်လင်း (ခ) ဖိုးထူး၊ ပါဝင်ပတ်သက်သူ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အချုပ်လွတ် အာမခံရရှိထားသူ အောင်ဝင်းထွန်းတို့ကို ရုံးထုတ်စစ်ဆေးတာ ဖြစ်ပါတယ်။

လူသတ်မှုမှာ စတုတ္ထမြောက် စွပ်စွဲခံထားရသူ အောင်ဝင်းထွန်းကို နှစ်ဖက် အကျိုးဆောင်ရှေ့နေတွေက အပြန်အလှန် စစ်မေးခဲ့ပြီး တရားခံပြသက်သေ ၄ ဦးကို ဒီနေ့ စက်တင်ဘာ ၁၄ ရက်မှာ ဆက်လက် စစ်ဆေးပါတယ်။

?bph6