လက္ဘႏြန္ ကစားသမားနဲ႔ ေအာင္လအန္ဆန္ စိန္ေခၚပြဲ ထိုးမယ္

0
97

ဘက္စံုသံုး ကိုယ္ခံပညာရွင္ ေအာင္လအန္ဆန္ကို လက္ဘႏြန္ ကိုယ္ခံပညာရွင္ မိုဟာမက္ ကရာကီက စိန္ေခၚတဲ့အတြက္ လာမယ့္ စက္တင္ဘာ ၂၆ ရက္ေန႔မွာ မစ္ဒယ္ဝိတ္ ေရႊခါးပတ္ ကာကြယ္ပြဲအျဖစ္ ထိုးသတ္ၾကမွာ ျဖစ္ပါတယ္။

မိုဟာမက္ ကရာကီဟာ ႐ံႈးပြဲမရွိ စံခ်ိန္တင္ထားတဲ့ ပေရာ္ဖက္ရွင္နယ္ ဘက္စံုသံုး ကိုယ္ခံပညာ ကစားသမား ျဖစ္ပါတယ္။ ပြဲစီစဥ္တဲ့ One Championship က ေအာင္လအန္ဆန္းနဲ႔ မစ္ဒယ္ဝိတ္တန္း ကာကြယ္ပြဲထိုးဖို႔ ၿပီးခဲ့တဲ့ ၾသဂုတ္လကတည္း လက္မွတ္ေရးထိုးထားတာ ျဖစ္ၿပီး ဘယ္သူနဲ႔ ထိုးသတ္မယ္ဆိုတာ အဲဒီတုန္းက ေၾကညာခဲ့ျခင္း မရွိပါဘူး။

လက္ဘႏြန္ ကစားသမား ကရာကီက စက္တင္ဘာ ၇ ရက္ေန႔မွာ သူ႔ရဲ႕ Facebook ကတဆင့္ စင္ကာပူ အေျခစိုက္ One Championship နဲ႔ လက္မွတ္ေရးထိုးခဲ့ေၾကာင္း ေရးသားခဲ့တဲ့အတြက္ ေအာင္လအန္ဆန္နဲ႔ ထိုးသတ္မွာ ျဖစ္တယ္လို႔ ပရိသတ္က သိရွိခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လက်ဘနွန် ကစားသမားနဲ့ အောင်လအန်ဆန် စိန်ခေါ်ပွဲ ထိုးမယ်

ဘက်စုံသုံး ကိုယ်ခံပညာရှင် အောင်လအန်ဆန်ကို လက်ဘနွန် ကိုယ်ခံပညာရှင် မိုဟာမက် ကရာကီက စိန်ခေါ်တဲ့အတွက် လာမယ့် စက်တင်ဘာ ၂၆ ရက်နေ့မှာ မစ်ဒယ်ဝိတ် ရွှေခါးပတ် ကာကွယ်ပွဲအဖြစ် ထိုးသတ်ကြမှာ ဖြစ်ပါတယ်။

မိုဟာမက် ကရာကီဟာ ရှုံးပွဲမရှိ စံချိန်တင်ထားတဲ့ ပရော်ဖက်ရှင်နယ် ဘက်စုံသုံး ကိုယ်ခံပညာ ကစားသမား ဖြစ်ပါတယ်။ ပွဲစီစဉ်တဲ့ One Championship က အောင်လအန်ဆန်းနဲ့ မစ်ဒယ်ဝိတ်တန်း ကာကွယ်ပွဲထိုးဖို့ ပြီးခဲ့တဲ့ သြဂုတ်လကတည်း လက်မှတ်ရေးထိုးထားတာ ဖြစ်ပြီး ဘယ်သူနဲ့ ထိုးသတ်မယ်ဆိုတာ အဲဒီတုန်းက ကြေညာခဲ့ခြင်း မရှိပါဘူး။

လက်ဘနွန် ကစားသမား ကရာကီက စက်တင်ဘာ ၇ ရက်နေ့မှာ သူ့ရဲ့ Facebook ကတဆင့် စင်ကာပူ အခြေစိုက် One Championship နဲ့ လက်မှတ်ရေးထိုးခဲ့ကြောင်း ရေးသားခဲ့တဲ့အတွက် အောင်လအန်ဆန်နဲ့ ထိုးသတ်မှာ ဖြစ်တယ်လို့ ပရိသတ်က သိရှိခဲ့တာ ဖြစ်ပါတယ်။

?bph6