
0
60




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စတားဘက်ခ် ကော်ဖီ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ယာယီ ရပ်ဆိုင်းထား

ကမ္ဘာကျော် အမှတ်တံဆိပ် တစ်ခုဖြစ်တဲ့ စတားဘက်ခ် (Starbucks) ကော်ဖီဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ယာယီ ရပ်ဆိုင်းထားပါတယ်။

ကမ္ဘာ့စီးပွားရေး အခြေအနေကြောင့် ယာယီရပ်နားထားမယ်လို့ စတားဘက်ခ် ကုမ္ပဏီက ဆက်သွယ် ပြောကြားလာကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယ ညွန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က RFA သတင်းဌာနကို ပြောထားပါတယ်။

အမေရိကန် ကုမ္ပဏီဖြစ်တဲ့ စတားဘက်ခ် ကော်ဖီက မြန်မာနိုင်ငံမှာ Coffee Concept Myanmar (CCM) ကုပ္မဏီအနေနဲ့ အမေရိကန် ဒေါ်လာ ၆ သန်း ရင်းနှီးမြှုပ်နှံပြီး ဆိုင် ၂၀ ဖွင့်လှစ်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ စတားဘက်ခ် ကော်ဖီဆိုင်လုပ်ငန်းအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ပြီးခဲ့တဲ့ မေလမှာ ခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။

?bph6