႐ုပ္​႐ွင္​ပဲြေတာ္​မွာ ျပသမယ့္ Breaking the Limits ဇာတ္ကားကို လူငယ္ေတြ ၾကည့္သင့္ (႐ုပ္/သံ)

0
55

၂၇ ႀကိမ္ေျမာက္ ဥ​ေရာပ ႐ုပ္​႐ွင္​ပဲြေတာ္​မွာ ျပသမယ့္ Breaking the Limits ႐ုပ္ရွင္ဇာတ္ကားကို ​လူငယ္ေတြကို ၾကည့္႐ႈ႕ေစခ်င္တယ္လို႔ အကယ္ဒမီ ေဆြဇင္ထိုက္က တိုက္တြန္းလိုက္ပါတယ္။ ဒီသတင္​းကို MCN သတင္​း​ေထာက္​ ​ေသာ္​တာတိုးက ​ေပးပို႔ထားပါတယ္​။

၂၇ ႀကိမ္ေျမာက္ ဥ​ေရာပ ႐ုပ္​႐ွင္​ပဲြေတာ္​မွာ ​ပိုလန္ႏိုင္ငံက ႐ိုက္ကူးထားတဲ့ Breaking the Limits ဇာတ္ကားဟာ ပိုလန္ၿမိဳ႕က မူးယစ္ေဆးစြဲလို႔ ဘ၀ေတြပ်က္စီးေနရာကေန ႐ုန္းထြက္ၿပီး ထူးခၽြန္တဲ့အားကစားသမားျဖစ္လာတဲ့ လူငယ္တစ္ဦးရဲ႕အေၾကာင္း ႐ိုက္ကူးထားတာေၾကာင့္ လူငယ္ေတြ ၾကည့္႐ႈ႕သင့္တယ္လို႔ ေျပာပါတယ္။

၂၇ ႀကိမ္ေျမာက္ ဥ​ေရာပ ႐ုပ္​႐ွင္​ပဲြေတာ္ကို စက္တင္ဘာလ ၂၁ ရက္ေန႔ကေန ၃၀ ရက္ေန႔အထိ က်င္းပသြားမွာနဲ႔ ပတ္သက္ၿပီး စက္​တင္​ဘာလ၁၃ရက္​​ေန႔က ရန္​ကုန္​ၿမိဳ႕ကမၻာ​ေအးဘုရားလမ္​း​ေပၚမွာ႐ွိတဲ့ Goethe Villa သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့တာပါ။

Soundbite အကယ္ဒမီ ေဆြဇင္ထိုက္

ဒီ႐ုပ္ရွင္ပဲ​ြ​ေတာ္ကို ျမန္္​မာႏိုင္​ငံဆိုင္​ရာ ဥ​ေရာပသမဂၢကိုယ္​စားလွယ္​အဖဲြ႕နဲ႔Goethe Institute Myanmar တို႔က ဦးစီးက်င္းပတာျဖစ္ၿပီး ဥ​ေရာပ ၁၇ ႏိုင္​ငံက ဆုရရွိထားတဲ့ ၁၇ ကားကို ေနျပည္ေတာ္႐ုပ္ရွင္႐ုံနဲ႔ Gothe Villa တို႔မွာ ၀င္ေၾကးအခမဲ့ ျပသသြားမွာ ျဖစ္ပါတယ္။

Soundbite သရုပ္ေဆာင္ ေဆြဇင္ထိုက္

ဒီ ရုပ္ရွင္ပြဲေတာ္မွာ နာမည္ႀကီး ရုပ္ရွင္ ဇာတ္ကားေတြျဖစ္တဲ့ ဒိန္းမတ္ ႏိုင္ငံက ရိုက္ကူးထားတဲ့ Land Of Mine၊ အစၥေရး ႏိုင္ငံက ရိုက္ကူးထားတဲ့ Apples from the desert နဲ႔ နယ္သာလန္ႏိုင္ငံက ရိုက္ကူးထားတဲ့ Boys စတဲ့ နာမည္ႀကီး ရုပ္ရွင္ဇာတ္ကားေတြလည္း ပါ၀င္ျပသမွာျဖစ္ပါတယ္။

ဥ​ေရာပ႐ုပ္​႐ွင္​ပြဲ​ေတာ္​ဟာ ​ျမန္​မာႏိုင္​ငံမွာ သက္​တမ္​းအ႐ွည္​ဆုံး႐ုပ္​႐ွင္​ပြဲ​ေတာ္တစ္ခုျဖစ္တဲ့အျပင္ ျမန္​မာႏိုင္​ငံနဲ႔ ဥ​ေရာပႏိုင္​ငံေတြၾကား ယဥ္​​ေက်းမႈအျပန္​အလွန္ ​ႏီွး​ေႏွာႏိုင္ဖို႔ ရည္ရြယ္ၿပီး က်င္းပေနတာျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

၂၇ ကြိမ်မြောက် ဥ​ရောပ ရုပ်​ရှင်​ပွဲတော်​မှာ ပြသမယ့် Breaking the Limits ရုပ်ရှင်ဇာတ်ကားကို ​လူငယ်တွေကို ကြည့်ရှု့စေချင်တယ်လို့ အကယ်ဒမီ ဆွေဇင်ထိုက်က တိုက်တွန်းလိုက်ပါတယ်။ ဒီသတင်​းကို MCN သတင်​း​ထောက်​ ​သော်​တာတိုးက ​ပေးပို့ထားပါတယ်​။

၂၇ ကြိမ်မြောက် ဥ​ရောပ ရုပ်​ရှင်​ပွဲတော်​မှာ ​ပိုလန်နိုင်ငံက ရိုက်ကူးထားတဲ့ Breaking the Limits ဇာတ်ကားဟာ ပိုလန်မြို့က မူးယစ်ဆေးစွဲလို့ ဘဝတွေပျက်စီးနေရာကနေ ရုန်းထွက်ပြီး ထူးချွန်တဲ့အားကစားသမားဖြစ်လာတဲ့ လူငယ်တစ်ဦးရဲ့အကြောင်း ရိုက်ကူးထားတာကြောင့် လူငယ်တွေ ကြည့်ရှု့သင့်တယ်လို့ ပြောပါတယ်။

၂၇ ကြိမ်မြောက် ဥ​ရောပ ရုပ်​ရှင်​ပွဲတော်ကို စက်တင်ဘာလ ၂၁ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ကျင်းပသွားမှာနဲ့ ပတ်သက်ပြီး စက်​တင်​ဘာလ၁၃ရက်​​နေ့က ရန်​ကုန်​မြို့ကမ္ဘာ​အေးဘုရားလမ်​း​ပေါ်မှာရှိတဲ့ Goethe Villa သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။

Soundbite အကယ်ဒမီ ဆွေဇင်ထိုက်

ဒီရုပ်ရှင်ပဲ​ွ​တော်ကို မြန်​မာနိုင်​ငံဆိုင်​ရာ ဥ​ရောပသမဂ္ဂကိုယ်​စားလှယ်​အဖွဲ့နဲ့Goethe Institute Myanmar တို့က ဦးစီးကျင်းပတာဖြစ်ပြီး ဥ​ရောပ ၁၇ နိုင်​ငံက ဆုရရှိထားတဲ့ ၁၇ ကားကို နေပြည်တော်ရုပ်ရှင်ရုံနဲ့ Gothe Villa တို့မှာ ဝင်ကြေးအခမဲ့ ပြသသွားမှာ ဖြစ်ပါတယ်။

Soundbite သရုပ်ဆောင် ဆွေဇင်ထိုက်

ဒီ ရုပ်ရှင်ပွဲတော်မှာ နာမည်ကြီး ရုပ်ရှင် ဇာတ်ကားတွေဖြစ်တဲ့ ဒိန်းမတ် နိုင်ငံက ရိုက်ကူးထားတဲ့ Land Of Mine၊ အစ္စရေး နိုင်ငံက ရိုက်ကူးထားတဲ့ Apples from the desert နဲ့ နယ်သာလန်နိုင်ငံက ရိုက်ကူးထားတဲ့ Boys စတဲ့ နာမည်ကြီး ရုပ်ရှင်ဇာတ်ကားတွေလည်း ပါဝင်ပြသမှာဖြစ်ပါတယ်။

ဥ​ရောပရုပ်​ရှင်​ပွဲ​တော်​ဟာ ​မြန်​မာနိုင်​ငံမှာ သက်​တမ်​းအရှည်​ဆုံးရုပ်​ရှင်​ပွဲ​တော်တစ်ခုဖြစ်တဲ့အပြင် မြန်​မာနိုင်​ငံနဲ့ ဥ​ရောပနိုင်​ငံတွေကြား ယဉ်​​ကျေးမှုအပြန်​အလှန် ​နှီး​နှောနိုင်ဖို့ ရည်ရွယ်ပြီး ကျင်းပနေတာဖြစ်ပါတယ်ခင်ဗျာ။

?bph6