ရန္ကုန္တုိင္းေဒသႀကီးမွာ တျခား တုိင္း နဲ႔ ျပည္နယ္ေတြထက္ လူကုန္ကူးမႈ ပုိမ်ား (႐ုပ္/သံ)

0
50

ရန္ကုန္တုိင္းေဒသႀကီးမွာ တျခားတုိင္းနဲ႔ျပည္နယ္ေတြထက္ လူကုန္ကူးမႈျဖစ္ပြားႏႈန္း ပုိမ်ားတယ္လုိ႔ ရန္ကုန္ တုိင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ ကေျပာပါတယ္။ ဒီသတင္းကုိေတာ့ MCN သတင္းေထာက္ မင္းျပည့္ႏုိင္ က ေပးပုိ႔ထားပါတယ္။

၂၀၁၇ ခုႏွစ္က ျမန္မာႏိုင္ငံမွာ လူကုန္ကူးမႈ ၂၀၀ ေက်ာ္ေဖာ္ထုတ္အေရးယူႏိုင္ခဲ့ၿပီး ရန္ကုန္တိုင္းေဒသႀကီးမွာ လူကုန္ကူးမႈ ၆၀ ထိရွိခဲ့တာေၾကာင့္ အျခားတုိင္းနဲ႔ျပည္နယ္ေတြထက္ လူကုန္ကူးခံရမႈ ျဖစ္ပြားႏႈန္း ပုိမ်ားတယ္လုိ႔ ရန္ကုန္တုိင္း ေဒသႀကီး ၀န္ႀကီးခ်ဳပ္ ကေျပာပါတယ္။

ဒါ့အျပင္အခု ၂၀၁၈ ခုႏွစ္ ၾသဂုတ္လအထိ လူကုန္ကူးမႈ ၃၈ မႈကို စုံးစမ္းေဖာ္ထုတ္ႏိုင္ခဲ့ၿပီး ျပစ္မႈက်ဴးလြန္သူ ၁၀၅ ဦးကိုလည္း အေရးယူႏိုင္ခဲ့တယ္လို႔ ေျပာပါတယ္။

စက္တင္ဘာ ၁၃ ရက္ေန႔က ရန္ကုန္ၿမဳိ႕ မူးယစ္ေဆး၀ါးပေပ်ာက္ေရးအထိမ္းအမွတ္ျပတုိက္မွာ ျပဳလုပ္ခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ျမန္မာႏုိင္ငံ လူကုန္ကူးမႈတုိက္ဖ်က္ေရးေန႔ အခမ္းအနားမွာ အခုလုိ႔ ေျပာၾကားလုိက္တာပါ။

အင္တာဗ်ဴး ဦးၿဖဳိးမင္းသိန္း (၀န္ႀကီးခ်ဳပ္)
ရန္ကုန္တုိင္းေဒသႀကီးအစုိးရအဖြဲ႔

ျမန္မာႏုိင္ငံရဲ့ လူကုန္ကူးခံရမႈျဖစ္စဥ္ေတြမွာ အဓမၼအလုပ္ခုိင္းေစဖုိ႔၊ အဓမၼထိမ္းျမားလက္ထပ္ဖုိ႔၊ လိမ္ပုိင္းဆုိင္ ရာေခါင္းပုံျဖတ္ဖုိ႕၊အဓမၼေမြးစားဖုိ႔ ၊ ေၾကြးၿမီ နဲ႔ေႏွာင္းဖြဲ႔ခုိင္းေစဖုိ႔ စတဲ့ ပုံစံ (၅)မ်ဳိးနဲ႔ျဖစ္ပြားခဲ့ၾကတာပါ။

ဒါျပင္ ရန္ကုန္တုိင္းေဒသႀကီးမွာေတာ့ အငွားကုိယ္၀န္ေဆာင္ၿပီး လူကုန္ကူးမႈမ်ဳိး မေတြ႔ရေပမယ့္ ကခ်င္ျပည္နယ္ မွာေတာ့ အငွားကုိယ္၀န္ေဆာင္ၿပီး လူကုန္ကူးမႈ (၃) မႈျဖစ္ပြားခဲ့ပါတယ္။ လက္ရွိ လူကုန္ကူးမႈတားဆီးေရး လုပ္ငန္းေတြကုိ ဘက္ေပါင္းစုံကေန အရွိန္အဟုန္းျမင့္ေဆာင္ရြက္ခဲံတဲ့အျပင္ မီဒီယာေတြ၊လက္ကမ္းစာေစာင္ ေတြက တဆင့္ အသိပညာေပးလုပ္ငန္းေတြကုိလဲ လုပ္ေဆာင္ေနတယ္လုိ႔ ေျပာပါတယ္။

အင္တာဗ်ဴး ဒုတိယ ရဲမွဴး မာမာသိန္း (အမွတ္(၆) လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႔စု )
ျမန္မာႏုိင္ငံရဲတပ္ဖြဲ႔ ၊ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႔

၂၀၁၇ ခုႏွစ္ ကိန္းဂဏန္းေတြအရ အဓမၼအလုပ္ခုိင္းေစမႈ ၂၀ ရာခုိင္းႏႈန္းေက်ာ္၊ အဓမၼထိမ္းျမားလက္ထပ္မႈ ၆၀ ရာခုိင္းႏႈန္းေက်ာ္၊ အဓမၼျပည္တန္ဆာျပဳမႈ ၁၇ ရာခုိင္းႏႈန္း၊ ကေလးသူငယ္လူကုန္ကူးမႈ ဒသမ ၁ ရာခုိင္းႏႈန္းနဲ႔ ၊ ေၾကြးၿမီ နဲ႔ေႏွာင္းဖြဲ႔ခုိင္းေစမႈ ၁ ရာခုိင္းႏႈန္း ျဖစ္ပြားခဲ့တယ္လုိ႔ အစုိးရက ထုတ္ျပန္ေၾကညာထားပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရန်ကုန်တိုင်းဒေသကြီးမှာ တခြားတိုင်းနဲ့ပြည်နယ်တွေထက် လူကုန်ကူးမှုဖြစ်ပွားနှုန်း ပိုများတယ်လို့ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ကပြောပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် မင်းပြည့်နိုင် က ပေးပို့ထားပါတယ်။

၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံမှာ လူကုန်ကူးမှု ၂၀ဝ ကျော်ဖော်ထုတ်အရေးယူနိုင်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးမှာ လူကုန်ကူးမှု ၆၀ ထိရှိခဲ့တာကြောင့် အခြားတိုင်းနဲ့ပြည်နယ်တွေထက် လူကုန်ကူးခံရမှု ဖြစ်ပွားနှုန်း ပိုများတယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ကပြောပါတယ်။

ဒါ့အပြင်အခု ၂၀၁၈ ခုနှစ် သြဂုတ်လအထိ လူကုန်ကူးမှု ၃၈ မှုကို စုံးစမ်းဖော်ထုတ်နိုင်ခဲ့ပြီး ပြစ်မှုကျူးလွန်သူ ၁၀၅ ဦးကိုလည်း အရေးယူနိုင်ခဲ့တယ်လို့ ပြောပါတယ်။

စက်တင်ဘာ ၁၃ ရက်နေ့က ရန်ကုန်မြို့ မူးယစ်ဆေးဝါးပပျောက်ရေးအထိမ်းအမှတ်ပြတိုက်မှာ ပြုလုပ်ခဲ့တဲ့ ၂၀၁၈ ခုနှစ် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ အခုလို့ ပြောကြားလိုက်တာပါ။

အင်တာဗျူး ဦးဖြိုးမင်းသိန်း (ဝန်ကြီးချုပ်)
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့

မြန်မာနိုင်ငံရဲ့ လူကုန်ကူးခံရမှုဖြစ်စဉ်တွေမှာ အဓမ္မအလုပ်ခိုင်းစေဖို့၊ အဓမ္မထိမ်းမြားလက်ထပ်ဖို့၊ လိမ်ပိုင်းဆိုင် ရာခေါင်းပုံဖြတ်ဖို့၊အဓမ္မမွေးစားဖို့ ၊ ကြွေးမြီ နဲ့နှောင်းဖွဲ့ခိုင်းစေဖို့ စတဲ့ ပုံစံ (၅)မျိုးနဲ့ဖြစ်ပွားခဲ့ကြတာပါ။

ဒါပြင် ရန်ကုန်တိုင်းဒေသကြီးမှာတော့ အငှားကိုယ်ဝန်ဆောင်ပြီး လူကုန်ကူးမှုမျိုး မတွေ့ရပေမယ့် ကချင်ပြည်နယ် မှာတော့ အငှားကိုယ်ဝန်ဆောင်ပြီး လူကုန်ကူးမှု (၃) မှုဖြစ်ပွားခဲ့ပါတယ်။ လက်ရှိ လူကုန်ကူးမှုတားဆီးရေး လုပ်ငန်းတွေကို ဘက်ပေါင်းစုံကနေ အရှိန်အဟုန်းမြင့်ဆောင်ရွက်ခဲံတဲ့အပြင် မီဒီယာတွေ၊လက်ကမ်းစာစောင် တွေက တဆင့် အသိပညာပေးလုပ်ငန်းတွေကိုလဲ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

အင်တာဗျူး ဒုတိယ ရဲမှူး မာမာသိန်း (အမှတ်(၆) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု )
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့

၂၀၁၇ ခုနှစ် ကိန်းဂဏန်းတွေအရ အဓမ္မအလုပ်ခိုင်းစေမှု ၂၀ ရာခိုင်းနှုန်းကျော်၊ အဓမ္မထိမ်းမြားလက်ထပ်မှု ၆၀ ရာခိုင်းနှုန်းကျော်၊ အဓမ္မပြည်တန်ဆာပြုမှု ၁၇ ရာခိုင်းနှုန်း၊ ကလေးသူငယ်လူကုန်ကူးမှု ဒသမ ၁ ရာခိုင်းနှုန်းနဲ့ ၊ ကြွေးမြီ နဲ့နှောင်းဖွဲ့ခိုင်းစေမှု ၁ ရာခိုင်းနှုန်း ဖြစ်ပွားခဲ့တယ်လို့ အစိုးရက ထုတ်ပြန်ကြေညာထားပါတယ် ခင်ဗျာ။

?bph6