
0
51




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မောင်တောမြို့နယ်မှာ ၁ သိန်းခွဲကျော် ဖမ်းမိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းစစ်ဆေးရေးဂိတ်မှာ စိတ်ကြွဆေးပြား ၁ သိန်းခွဲကျော် ဖမ်းဆီးရမိခဲ့ပါတယ်။

စက်တင်ဘာ ၁၀ ရက်နေ့က မောင်တောမှ ခမောင်းဆိပ်ကျေးရွာကို အောင်ကျော်ဌေး မောင်းနှင်ပြီး အေးထွန်းနဲ့ ကိုကိုဝင်းတို့ လိုက်ပါလာတဲ့ ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်နဲ့ ယာဉ်နောက်မှာ ကပ်ပြီး ဆိုင်ကယ်နဲ့ လိုက်လာတဲ့ ဟိန်းစိုးသူတို့ ဆီကနေ စိတ်ကြွဆေးပြား ၁၅၇၂၅ဝ ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။

သူတို့ကို စစ်ဆေးမေးမြန်းရာမှာ စစ်မေးရာ မောင်တောမြို့နေသူတစ်ဦးက မူးယစ် ဆေးဝါးအထုပ်တစ်ထုပ်လျှင် ငွေကျပ် ၁ သိန်းခွဲနှုန်းနဲ့ ခမောင်းဆိပ်ကျေးရွာ လမ်းဆုံသို့ ပို့ဆောင်ခိုင်းတာ ဖြစ်တယ်လို့ ထွက်ဆိုပါတယ်။ အောင်ကျော်ဌေး၊ အေးထွန်းနဲ့ ကိုကိုဝင်းတို့ကို အမှုဖွင့် အရေးယူထားပြီး ပို့ဆောင်ခိုင်းသူကို စုံစမ်းရှာဖွေနေပါတယ်။

?bph6