ေပါင္ၿမိဳ႕မွာ ေခြး႐ူးကိုက္လို႔ လူ ၁၅ ဦး ဒဏ္ရာရ

0
68

မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕၊ ကဒါရပ္ကြက္မွာ စက္တင္ဘာ ၁၁ ရက္ေန႔က ေခြး႐ူးတစ္ေကာင္ လိုက္ကိုက္လို႔ အသက္ ၂ ႏွစ္အရြယ္ ကေလးတစ္ဦး အပါအဝင္ လူ ၁၅ ဦး ဒဏ္ရာ ရရွိသြားပါတယ္။

 

ေခြး႐ူးကိုက္ခံရသူေတြကေတာ့ ေမာင္သာထက္လင္း (၂ ႏွစ္)၊ ေဒၚေအးႏြယ္ (၄၁ ႏွစ္)၊ ေမာင္ေအာင္ဝင္းထက္ (၁၅ ႏွစ္)၊ ေမာင္အာမြန္ (၅ ႏွစ္)၊ ကိုသက္ေဝ (၃ဝ ႏွစ္)၊ ဦးေဝလႈိင္ (၅၅ ႏွစ္)၊ ေဒၚျမျမ (၇၈ ႏွစ္)၊ မဇင္မာဦး (၃၂ ႏွစ္)၊ ကိုစည္သူ (၂ဝ ႏွစ္)၊ ကိုသူရိန္(၂၅ ႏွစ္)၊ မထက္ထက္ (၂၉ ႏွစ္)၊ ကိုေရႊဦး (၂၈ ႏွစ္)၊ ဦးဝင္းထြန္းႏိုင္ (၄၃ ႏွစ္)၊ မလြမ္းသံဇင္ခ်ဳိ (၃ ႏွစ္)၊ ကိုထက္ပိုင္ဦး (၂၁ ႏွစ္) စုစုေပါင္းအမ်ဳိးသား ၁ဝ ဦးနဲ႔ အမ်ဳိးသမီး ၅ ဦးတို႔ ျဖစ္ၿပီး ေပါင္ၿမိဳ႕ျပည္သူ႔ေဆး႐ုံသို႔ တင္ပို႔ကာ ေခြး႐ူးျပန္ ကာကြယ္ေဆးေတြ ထိုးေပးခဲ့ရပါတယ္။

ျမန္မာႏိုင္ငံတစ္ဝန္းလံုးမွာ ရွိတဲ့ေခြးေကာင္ေရဟာ ႏွစ္စဥ္တိုးပြားမႈ ရွိေနေပမဲ့ ေခြး႐ူးေရာဂါ ကာကြယ္ေဆး ထိုးေပးထားတဲ့ ေခြးအေရအတြက္ဟာ စုစုေပါင္းေခြးေကာင္ေရရဲ႕ ၁၀ ရာခုိင္ႏႈန္းပဲ ရွိပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပေါင်မြို့မှာ ခွေးရူးကိုက်လို့ လူ ၁၅ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ပေါင်မြို့၊ ကဒါရပ်ကွက်မှာ စက်တင်ဘာ ၁၁ ရက်နေ့က ခွေးရူးတစ်ကောင် လိုက်ကိုက်လို့ အသက် ၂ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် လူ ၁၅ ဦး ဒဏ်ရာ ရရှိသွားပါတယ်။

ခွေးရူးကိုက်ခံရသူတွေကတော့ မောင်သာထက်လင်း (၂ နှစ်)၊ ဒေါ်အေးနွယ် (၄၁ နှစ်)၊ မောင်အောင်ဝင်းထက် (၁၅ နှစ်)၊ မောင်အာမွန် (၅ နှစ်)၊ ကိုသက်ဝေ (၃ဝ နှစ်)၊ ဦးဝေလှိုင် (၅၅ နှစ်)၊ ဒေါ်မြမြ (၇၈ နှစ်)၊ မဇင်မာဦး (၃၂ နှစ်)၊ ကိုစည်သူ (၂ဝ နှစ်)၊ ကိုသူရိန်(၂၅ နှစ်)၊ မထက်ထက် (၂၉ နှစ်)၊ ကိုရွှေဦး (၂၈ နှစ်)၊ ဦးဝင်းထွန်းနိုင် (၄၃ နှစ်)၊ မလွမ်းသံဇင်ချို (၃ နှစ်)၊ ကိုထက်ပိုင်ဦး (၂၁ နှစ်) စုစုပေါင်းအမျိုးသား ၁ဝ ဦးနဲ့ အမျိုးသမီး ၅ ဦးတို့ ဖြစ်ပြီး ပေါင်မြို့ပြည်သူ့ဆေးရုံသို့ တင်ပို့ကာ ခွေးရူးပြန် ကာကွယ်ဆေးတွေ ထိုးပေးခဲ့ရပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ရှိတဲ့ခွေးကောင်ရေဟာ နှစ်စဉ်တိုးပွားမှု ရှိနေပေမဲ့ ခွေးရူးရောဂါ ကာကွယ်ဆေး ထိုးပေးထားတဲ့ ခွေးအရေအတွက်ဟာ စုစုပေါင်းခွေးကောင်ရေရဲ့ ၁၀ ရာခိုင်နှုန်းပဲ ရှိပါတယ်။

?bph6