ပညာေရးစနစ္က စိန္ေခၚမႈေတြ ရင္ဆိုင္ေျဖရွင္းဖို႔ အေရးႀကီးေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ ေျပာ

0
269

ႏိုင္ငံတစ္ႏိုင္ငံရဲ႕ ပညာေရးစနစ္ဟာ စိန္ေခၚမႈေေတြ ရင္ဆိုင္ေျဖရွင္းေရးအတြက္ အေရးႀကီးတယ္လို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

ဗီယက္နမ္ႏိုင္ငံ၊ ဟႏြိဳင္းၿမိဳ႕မွာ မေန႔က စက္တင္ဘာ ၁၂ ရက္မွာ က်င္းပတဲ့ အာဆီယံ ေဒသဆုိင္ရာ (၂၇) ႀကိမ္ေျမာက္ ကမာၻ႔စီးပြားေရးဖိုရမ္ဖြင့္ပဲြနဲ႔ မ်က္ႏွာစုံညီအစည္းအေဝးမွာ ႏိုင္ငံေတာ္ အတိုင္ပင္ခံက ေျပာသြားတာ ျဖစ္ပါတယ္။

ပညာေရးကို ပညာရွင္အဆင့္ အရည္အခ်င္းရွိမႈထက္ လက္ေတြ႕က်တဲ့ အရည္အခ်င္းရွိမႈ ေျပာင္းလဲၿပီး အေလးေပး ေဆာင္႐ြက္သင့္ေၾကာင္း၊ လူငယ္ေတြကို တီထြင္ႀကံဆႏိုင္မႈ အေတြးအေခၚေတြကို တြန္းအားေပး ေဆာင္႐ြက္မွာျဖစ္ေၾကာင္း၊ စာရင္းအခ်က္အလက္ေတြအရ နည္းပညာသစ္မ်ားရဲ႕ ၅၀ ကေန ၇၅ ရာခုိင္ႏႈန္းမွာ အရည္အေသြးနည္းပါးေၾကာင္း၊ စြန္႔ဦးတီထြင္မႈနဲ႔ ပတ္သက္ၿပီး ကူးသန္းေရာင္းဝယ္မႈ၊ စက္မႈ၊ ကုန္သြယ္မႈတို႔ သာမက က႑မ်ားဖြံၿဖိဳး တိုးတက္မႈအတြက္ ပ်ိဳးေထာင္ေပးၾကရမွာျဖစ္ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားသြားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပညာရေးစနစ်က စိန်ခေါ်မှုတွေ ရင်ဆိုင်ဖြေရှင်းဖို့ အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော

နိုင်ငံတစ်နိုင်ငံရဲ့ ပညာရေးစနစ်ဟာ စိန်ခေါ်မှုတွေ ရင်ဆိုင်ဖြေရှင်းရေးအတွက် အရေးကြီးတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ မနေ့က စက်တင်ဘာ ၁၂ ရက်မှာ ကျင်းပတဲ့ အာဆီယံ ဒေသဆိုင်ရာ (၂၇) ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ်ဖွင့်ပွဲနဲ့ မျက်နှာစုံညီအစည်းအဝေးမှာ နိုင်ငံတော် အတိုင်ပင်ခံက ပြောသွားတာ ဖြစ်ပါတယ်။

ပညာရေးကို ပညာရှင်အဆင့် အရည်အချင်းရှိမှုထက် လက်တွေ့ကျတဲ့ အရည်အချင်းရှိမှု ပြောင်းလဲပြီး အလေးပေး ဆောင်ရွက်သင့်ကြောင်း၊ လူငယ်တွေကို တီထွင်ကြံဆနိုင်မှု အတွေးအခေါ်တွေကို တွန်းအားပေး ဆောင်ရွက်မှာဖြစ်ကြောင်း၊ စာရင်းအချက်အလက်တွေအရ နည်းပညာသစ်များရဲ့ ၅၀ ကနေ ၇၅ ရာခိုင်နှုန်းမှာ အရည်အသွေးနည်းပါးကြောင်း၊ စွန့်ဦးတီထွင်မှုနဲ့ ပတ်သက်ပြီး ကူးသန်းရောင်းဝယ်မှု၊ စက်မှု၊ ကုန်သွယ်မှုတို့ သာမက ကဏ္ဍများဖွံဖြိုး တိုးတက်မှုအတွက် ပျိုးထောင်ပေးကြရမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားပါတယ်။

?bph6