ျမန္မာႏိုင္ငံကို ျဖတ္ၿပီး ကူမင္း-ကိုလ္ကတား က်ည္ဆန္ရထားလမ္း ေဖာက္မယ္

0
92

ျမန္မာႏိုင္ငံနဲ႔ ဘဂၤလားေဒ့ရွ္ ႏိုင္ငံေတြကို ျဖတ္ၿပီး တ႐ုတ္ႏိုင္ငံ ကူမင္းကေန အိႏၵိယႏိုင္ငံ ကိုလ္ကတားကို က်ည္ဆန္ရထား ေျပးဆြဲမယ္လို႔ အိႏၵိယႏိုင္ငံဆိုင္ရာ တ႐ုတ္ေကာင္စစ္ဝန္ခ်ဳပ္ မာ ဇန္ဝူက ေျပာပါတယ္။

အိႏၵိယနဲ႔ တ႐ုတ္တို႔ ပူးတြဲလုပ္ေဆာင္မွာျဖစ္ၿပီး ရထားလမ္းခ်ိတ္ဆက္ႏိုင္ရင္ ကူမင္းကေန ကိုလ္ကတားကို နာရီ အနည္းငယ္နဲ႔ ေရာက္ႏိုင္တယ္လို႔ မေန႔က စက္တင္ဘာ ၁၂ ရက္ေန႔မွာ တ႐ုတ္ ေကာင္စစ္ဝန္ခ်ဳပ္က ေျပာေၾကာင္း အိႏၵိယတူေဒး သတင္းစာက ေဖာ္ျပပါတယ္။

ကူမင္း-ကိုလ္ကတား က်ည္ဆန္ရထားလမ္းဟာ ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္တို႔လည္း အက်ိဳးရွိေစမယ့္ စီမံကိန္းျဖစ္ ေၾကာင္း၊ လမ္းေၾကာင္းတေလွ်ာက္ စက္မႈလုပ္ငန္းေတြလည္း ရွိလာမွာျဖစ္ေၾကာင္း၊ ကီလိုမီတာ ၂၈၀၀ အရွည္ ရွိမယ့္ က်ည္ဆန္ရထားလမ္း စီမံကိန္းေၾကာင္း သက္ဆိုင္ရာႏိုင္ငံေတြရဲ႕ စီးပြားေရးလည္း ဖြံ႔ၿဖိဳးလာႏိုင္ေၾကာင္း တ႐ုတ္သံတမန္က ေျပာသြားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာနိုင်ငံကို ဖြတ်ပြီး ကူမင်း-ကိုလ်ကတား ကျည်ဆန်ရထားလမ်း ဖောက်မယ်

မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို ဖြတ်ပြီး တရုတ်နိုင်ငံ ကူမင်းကနေ အိန္ဒိယနိုင်ငံ ကိုလ်ကတားကို ကျည်ဆန်ရထား ပြေးဆွဲမယ်လို့ အိန္ဒိယနိုင်ငံဆိုင်ရာ တရုတ်ကောင်စစ်ဝန်ချုပ် မဇန်ဝူက ပြောပါတယ်။

အိန္ဒိယနဲ့ တရုတ်တို့ ပူးတွဲလုပ်ဆောင်မှာဖြစ်ပြီး ရထားလမ်းချိတ်ဆက်နိုင်ရင် ကူမင်းကနေ ကိုလ်ကတားကို နာရီ အနည်းငယ်နဲ့ ရောက်နိုင်တယ်လို့ မနေ့က စက်တင်ဘာ ၁၂ ရက်နေ့မှာ တရုတ် ကောင်စစ်ဝန်ချုပ်က ပြောကြောင်း အိန္ဒိယတူဒေး သတင်းစာက ဖော်ပြပါတယ်။

ကူမင်း-ကိုလ်ကတား ကျည်ဆန်ရထားလမ်းဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့လည်း အကျိုးရှိစေမယ့် စီမံကိန်းဖြစ် ကြောင်း၊ လမ်းကြောင်းတလျှောက် စက်မှုလုပ်ငန်းတွေလည်း ရှိလာမှာဖြစ်ကြောင်း၊ ကီလိုမီတာ ၂၈၀ဝ အရှည် ရှိမယ့် ကျည်ဆန်ရထားလမ်း စီမံကိန်းကြောင်း သက်ဆိုင်ရာနိုင်ငံတွေရဲ့ စီးပွားရေးလည်း ဖွံ့ဖြိုးလာနိုင်ကြောင်း တရုတ်သံတမန်က ပြောသွားပါတယ်။

?bph6