လူငယ္ေရးရာမူဝါဒကို အေကာင္အထည္ေဖာ္မယ့္ မဟာဗ်ဴဟာမူၾကမ္း ထြက္မယ္ (႐ုပ္/သံ)

0
111

လူငယ္ေရးရာမူဝါဒကို အေကာင္အထည္ေဖာ့္မယ့္ မဟာဗ်ဴဟာမူၾကမ္းထြက္ရွိေတာ့မွာ ျဖစ္ပါတယ္။ ဒီသတင္းကုိေတာ့ MCN သတင္းေထာက္ မင္းျပည့္ႏုိင္က ေပးပုိ႔ထားၿပီး သတင္းေထာက္ စုိင္းဟန္ ကတင္ဆက္ေပးထားပါတယ္။

လူငယ္မူ၀ါဒ ကို အေကာင္အထည္ေဖာ္ အတည္ျပဳၿပီးေနာက္ မူ၀ါဒထဲမွာပါရွိတဲ့ လုပ္ငန္းစဥ္ ေတြကို အေကာင္အထည္ေဖာ္ဖို႔ မဟာဗ်ဴဟာေရးဆြဲေဆာင္ရြက္ေနၿပီး ၂၀၁၈ ခုႏွစ္ ႏွစ္ကုန္ပိုင္းမွာ အျပီးသတ္ေရးဆြဲႏိုင္မွာျဖစ္တယ္လို႔ ရန္ကုန္တိုင္ဒေဒသႀကီး လူငယ္ေရးရာေကာ္မတီက ျပည္ေထာင္စုကိုယ္စားလွယ္ ကိုထက္ပိုင္စိုးက ေျပာပါတယ္။
အင္တာဗ်ဴး ထက္ပုိင္စုိး (ျပည္ေထာင္စုကုိယ္စားလွယ္) ရန္ကုန္တုိင္းေဒသႀကီးလူငယ္ေရးရာေကာ္မတီ

ဒါ့အျပင္ ရန္ကုန္တိုင္းေဒသၾကီး လူငယ္ေရးရာေကာ္မတီအေနနဲ႔ လူငယ္မူ၀ါဒ မဟာဗ်ဴဟာေရးဆြဲေနစဥ္ကာလအတြင္း တိုင္းေဒသႀကီးအတြင္းက လူငယ္ေတြ ပူးေပါင္းေဆာင္ရြက္မႈ အားေကာင္းလာေစဖို႔ လုပ္ငန္းစီမံခ်က္ေတြကိုပါ ေရးဆြဲ အေကာင္အထည္ေဖာ္ေဆာင္ရြက္ေနတယ္လို႔ ျပည္ေထာင္စုကိုယ္စားလွယ္ ကိုထက္ပိုင္စိုးက ေျပာပါတယ္။

အင္တာဗ်ဴး ထက္ပုိင္စုိး (ျပည္ေထာင္စုကုိယ္စားလွယ္) ရန္ကုန္တုိင္းေဒသႀကီးလူငယ္ေရးရာေကာ္မတီ
NLD အစုိးရအဖြဲ႔ရဲ႕ ဌာနဆိုင္ရာ တာ၀န္ရွိသူေတြ နဲ႔ ေရြးေကာက္ခံ လူငယ္အဖြဲ႔ေတြ စုေပါင္းၿပီး လူငယ္မူ၀ါဒကို အေကာင္အထည္ေဖာ္မယ့္ မဟာဗ်ဴဟာေရးဆြဲ ျပင္ဆင္ ၿပီးစီးၿပီး အတည္ျပဳျပီးတာနဲ႔ လုပ္ငန္းအစီအမံေတြ အေကာင္အထည္ေဖာ္ဖို႔အတြက္ ဘတ္ဂ်တ္ေရးဆြဲေရးကိစၥေတြကိုပါ လုပ္ေဆာင္သြားမွာျဖစ္ပါတယ္ခင္ဗ်ား။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လူငယ်ရေးရာမူဝါဒကို အကောင်အထည်ဖော့်မယ့် မဟာဗျူဟာမူကြမ်းထွက်ရှိတော့မှာ ဖြစ်ပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် မင်းပြည့်နိုင်က ပေးပို့ထားပြီး သတင်းထောက် စိုင်းဟန် ကတင်ဆက်ပေးထားပါတယ်။

လူငယ်မူဝါဒ ကို အကောင်အထည်ဖော် အတည်ပြုပြီးနောက် မူဝါဒထဲမှာပါရှိတဲ့ လုပ်ငန်းစဉ် တွေကို အကောင်အထည်ဖော်ဖို့ မဟာဗျူဟာရေးဆွဲဆောင်ရွက်နေပြီး ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှာ အပြီးသတ်ရေးဆွဲနိုင်မှာဖြစ်တယ်လို့ ရန်ကုန်တိုင်ဒဒေသကြီး လူငယ်ရေးရာကော်မတီက ပြည်ထောင်စုကိုယ်စားလှယ် ကိုထက်ပိုင်စိုးက ပြောပါတယ်။
အင်တာဗျူး ထက်ပိုင်စိုး (ပြည်ထောင်စုကိုယ်စားလှယ်) ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ

ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီအနေနဲ့ လူငယ်မူဝါဒ မဟာဗျူဟာရေးဆွဲနေစဉ်ကာလအတွင်း တိုင်းဒေသကြီးအတွင်းက လူငယ်တွေ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေဖို့ လုပ်ငန်းစီမံချက်တွေကိုပါ ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုကိုယ်စားလှယ် ကိုထက်ပိုင်စိုးက ပြောပါတယ်။

အင်တာဗျူး ထက်ပိုင်စိုး (ပြည်ထောင်စုကိုယ်စားလှယ်) ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ
NLD အစိုးရအဖွဲ့ရဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ နဲ့ ရွေးကောက်ခံ လူငယ်အဖွဲ့တွေ စုပေါင်းပြီး လူငယ်မူဝါဒကို အကောင်အထည်ဖော်မယ့် မဟာဗျူဟာရေးဆွဲ ပြင်ဆင် ပြီးစီးပြီး အတည်ပြုပြီးတာနဲ့ လုပ်ငန်းအစီအမံတွေ အကောင်အထည်ဖော်ဖို့အတွက် ဘတ်ဂျတ်ရေးဆွဲရေးကိစ္စတွေကိုပါ လုပ်ဆောင်သွားမှာဖြစ်ပါတယ်ခင်ဗျား။

?bph6