ဆေး အမှတ်မမီတဲ့ ကျောင်းသားတွေ ဆေးတက္ကသိုလ် အကြိုဖောင်ဒေးရှင်း သင်တန်းတွေ တက်ရောက်နိုင် (ရုပ်/သံ)

0
107





Myanmar search International (MSI)နဲ့ မလေးရှားနိုင်ငံက Taylor’s University တို့ပူးပေါင်းပြီး SACE,MBBS,နဲ့ American Transfer Progam၊ ပြင်သစ်နိုင်ငံရဲ့ ဟိုတယ်နဲ့ ခရီးသွားလာရေးအစရှိတဲ့ ဆေးပညာနဲ့ နိုင်ငံတကာ ပညာရေးလမ်းကြောင်းတွေကို MSI ကတဆင့် မလေးရှားနိုင်ငံက Taylor’s University အပါအဝင် နိုင်ငံတကာ တက္ကသိုလ်တွေကို သွားရောက်ပညာသင်ယူနိုင်မှာ ဖြစ်ပါတယ်။


Taylor’s University


>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပြည်တွင်းက ဆေးတက္ကသိုလ်အမှတ်မမှီတဲ့ ကျောင်းသူကျောင်းသားလူငယ်တွေ ဆေးတက္ကသိုလ် အကြိုဖောင်ဒေးရှင်းတန်းတွေကို တက်ရောက်ပြီး နိုင်ငံတကာရှိ ဆေးတက္ကသိုလ်ကျောင်းတွေမှာတက်ရောက် သင်ကြားနိုင်မှာဖြစ်ပါတယ်။ ဒီသတင်းကို MCNသတင်းထောက် သန္တာမိုး ကပေးပို့ထားပါတယ်။

ပြည်တွင်းမှာတက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ဆေးအမှတ်မမီလို့ ဆေးပညာတက်ရောက်သင်ကြား နိုင်ခြင်းမရှိတဲ့ ကျောင်းသူကျောင်းသား လူငယ်တွေ ဆေးတက္ကသိုလ် အကြိုဖောင်ဒေးရှင်းသင်တန်း တွေတက်ရောက်သင်ကြားပြီး နိုင်ငံတကာရှိ ဆေးတက္ကသိုလ်ကျာင်းတွေမှာ တက်ရောက်သင်ကြား နိုင်မှာဖြစ်ပါတယ် ။

စက်တင်ဘာလ ၈ရက်နေ့က ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာဟိုတယ်မှာ Myanmar search International (MSI) ကဦးဆောင်ပြီး နိုင်ငံတကာ ပညာရေးဆွေးနွေးပွဲ ပြုလုပ်ခဲ့တာပါ။

Soundbite ဒေါ်စုစုလှိုင် (မန်နေဂျင်းဒါရိုက်တာ)
Myanmar Search International (MSI)

Myanmar search International (MSI)နဲ့ မလေးရှားနိုင်ငံက Taylor’s University တို့ပူးပေါင်းပြီး SACE,MBBS,နဲ့ American Transfer Progam၊ ပြင်သစ်နိုင်ငံရဲ့ ဟိုတယ်နဲ့ ခရီးသွားလာရေးအစရှိတဲ့ ဆေးပညာနဲ့ နိုင်ငံတကာ ပညာရေးလမ်းကြောင်းတွေကို MSI ကတဆင့် မလေးရှားနိုင်ငံက Taylor’s University အပါအဝင် နိုင်ငံတကာ တက္ကသိုလ်တွေကို သွားရောက်ပညာသင်ယူနိ်ုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တက္ကသိုလ်ဝင်တန်းအောင်မြင်သူတွေနဲ့ အင်တာနေရှင်နယ်ကျောင်းတွေက GCE O Level ပြီးတဲ့ ကျောင်းသူကျောင်းသားဘယ်ဆိုမဆို မလေးရှားနိုင်ငံက Taylor’s University မှာ တက်ရောက်မယ်ဆိုရင် သြစတေးလျနိုင်ငံ ကပေးမယ့်အကြိုဖောင်ဒေးရှင်း တန်းဖြစ်တဲ့ SACE Program ကို တစ်နှစ်တက်ရောက်သင်ကြားနိုင်မှာဖြစ်ပါတယ် ။

Soundbite Mr. Nantha Kumar Jeyaprakasam
Taylor’s University

နိုင်ငံတကာဆေးပညာဘာသာရပ်ကို ၅နှစ်တက်ရောက်ရမှာဖြစ်ပြီး Business, Bioscience, Computing and IT,Communication,Desing, Engineering,Comuter Science,Food and Leisure Management, Law ,Liberal Art and Science, Medicine နဲ့ Pharmacy ဘာသာရပ်တွေကိုတော့ ၄နှစ်တက်ရောက်ရမှာ ဖြစ်ပါတယ်ရှင်။

?bph6