တာေမြၿမိဳ႕နယ္မွာ အုပ္စုဖြဲ႔ လူသတ္မႈ က်ဴးလြန္သူ ၈ ဦးကို ဖမ္းဆီး

0
187

ရန္ကုန္တိုင္း၊ တာေမြၿမိဳ႕နယ္၊ (က) ရပ္ကြက္ကို လာေရာက္ၿပီး အုပ္စုဖြဲ႔ လူသတ္မႈ က်ဴးလြန္သူ ၈ ဦးကို ရန္ကုန္တိုင္းရဲတပ္ဖြဲ႔က အခ်ိန္တိုအတြင္း စံုစမ္းေဖာ္ထုတ္ ဖမ္းဆီးႏိုင္ခဲ့ပါတယ္။

က်ိဳကၠဆံလမ္းမေပၚရွိ ကေလးကစားတဲ့ဆိုင္မွာ ဂိမ္းေဆာ့ရင္း ကေလးခ်င္း ကိစၥေၾကာင့္ ေဇာ္ဟိန္းသူ (၃၀ နွစ္) ဇနီးျဖစ္သူ ကေလးမိခင္နဲ႔ တျခား ကေလးတစ္ဦးရဲ႕ မိခင္တို႔ စကားမ်ားခဲ့ၾကပါတယ္။ အဲဒီ ကိစၥနဲ႔ ပတ္သက္ၿပီး ဝင္းထြဋ္ဝင္း ဆိုသူက ဖုန္းဆက္ၿခိမ္းေျခာက္ခဲ့ၿပီး တာေမြၿမိဳ႕နယ္ကို ကား ၃ စီးနဲ႔ ေရာက္လာကာ တိုက္ေအာက္ဆင္းလာတဲ့ ေဇာ္ဟိန္းသူတို႔ မိသားစုကို ဓားေတြနဲ႔ ခုတ္ခဲ့ၾကတာ ျဖစ္ပါတယ္။

ေဇာ္ဟိန္း ဇနီးရဲ႕ ဦးေလးျဖစ္သူ၊ ေဇာ္ဟိန္းနဲ႔ အလုပ္သမား တစ္ဦးတို႔ ဒဏ္ရာေတြ ရခဲ့ၾကၿပီး ေဇာ္ဟိန္းက ေဆး႐ံုမေရာက္ခင္ ေသဆံုးခဲ့ပါတယ္။ အခင္းျဖစ္ရာမွာ က်န္ခဲ့တဲ့ ကားေပၚကေန ဓား၊ ေပါက္ဆိန္ လက္နက္ေတြနဲ႔ တာေမြ ယာယီေစ်းေရွ႕မွာ ဓားရွည္ေတြ ေတြ႔ရွိခဲ့ပါတယ္။

အုပ္စုလိုက္ ဓားခုတ္မႈနဲ႔ ပတ္သက္ၿပီး ဝင္းထြဋ္ဝင္း အပါအဝင္ ၈ ဦးကို ဒဂံုၿမိဳ႕သစ္ေတာင္ပိုင္း၊ သာေကတ၊ ဒဂံုၿမိဳ႕သစ္ ဆိပ္ကမ္းၿမိဳ႕နယ္တို႔မွာ သီးျခားစီ ရွာေဖြ ဖမ္းဆီးႏိုင္ခဲ့ပါတယ္။ ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္း ၿမိဳ႕နယ္၊
(၇၇) ရပ္ကြက္ေန ဝင္းျမင့္ (၄၂ ႏွစ္) က ျပန္လည္ ခုခံတဲ့အတြက္ ပစ္ခတ္ ဖမ္းဆီးခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တာမွေမြို့နယ်မှာ အုပ်စုဖွဲ့ လူသတ်မှု ကျူးလွန်သူ ၈ ဦးကို ဖမ်းဆီး

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ (က) ရပ်ကွက်ကို လာရောက်ပြီး အုပ်စုဖွဲ့ လူသတ်မှု ကျူးလွန်သူ ၈ ဦးကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့က အချိန်တိုအတွင်း စုံစမ်းဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ကျိုက္ကဆံလမ်းမပေါ်ရှိ ကလေးကစားတဲ့ဆိုင်မှာ ဂိမ်းဆော့ရင်း ကလေးချင်း ကိစ္စကြောင့် ဇော်ဟိန်းသူ (၃၀ နှစ်) ဇနီးဖြစ်သူ ကလေးမိခင်နဲ့ တခြား ကလေးတစ်ဦးရဲ့ မိခင်တို့ စကားများခဲ့ကြပါတယ်။ အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး ဝင်းထွဋ်ဝင်း ဆိုသူက ဖုန်းဆက်ခြိမ်းခြောက်ခဲ့ပြီး တာမွေမြို့နယ်ကို ကား ၃ စီးနဲ့ ရောက်လာကာ တိုက်အောက်ဆင်းလာတဲ့ ဇော်ဟိန်းသူတို့ မိသားစုကို ဓားတွေနဲ့ ခုတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဇော်ဟိန်း ဇနီးရဲ့ ဦးလေးဖြစ်သူ၊ ဇော်ဟိန်းနဲ့ အလုပ်သမား တစ်ဦးတို့ ဒဏ်ရာတွေ ရခဲ့ကြပြီး ဇော်ဟိန်းက ဆေးရုံမရောက်ခင် သေဆုံးခဲ့ပါတယ်။ အခင်းဖြစ်ရာမှာ ကျန်ခဲ့တဲ့ ကားပေါ်ကနေ ဓား၊ ပေါက်ဆိန် လက်နက်တွေနဲ့ တာမွေ ယာယီဈေးရှေ့မှာ ဓားရှည်တွေ တွေ့ရှိခဲ့ပါတယ်။

အုပ်စုလိုက် ဓားခုတ်မှုနဲ့ ပတ်သက်ပြီး ဝင်းထွဋ်ဝင်း အပါအဝင် ၈ ဦးကို ဒဂုံမြို့သစ်တောင်ပိုင်း၊ သာကေတ၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တို့မှာ သီးခြားစီ ရှာဖွေ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်၊
(၇၇) ရပ်ကွက်နေ ဝင်းမြင့် (၄၂ နှစ်) က ပြန်လည် ခုခံတဲ့အတွက် ပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။

?bph6