
0
60


 



>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆောက်လက်စ စက်ရုံပြိုကျမှု အလုပ်သမား ၉ ဦး ဒဏ်ရာရ

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်ရှိ ဆောက်လက်စ နေကြာ စားအုန်းဆီစက်ရုံ အဆောက်အအုံ မနေ့က စက်တင်ဘာ ၁၁ ရက်နေ့ မွန်းလွဲပိုင်းမှာ ပြိုကျခဲ့လို့ အလုပ်သမား ၉ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

မွန်းလွဲ ၁၂ နာရီခွဲခန့်မှာ ပုသိမ်ကြီးမြို့နယ်၊ ရေလှောင်အုပ်စု၊ ရေလှောင်ကျေးရွာ၊ ရွာသစ်ကလေးကွင်းမှာ စတီသံဖရိန်တွေနဲ့ ဆောက်လုပ်နေတဲ့ နေကြာ စားအုပ်ဆီစက်ရုံ ပထမထပ် ပြိုကျခဲ့တာ ဖြစ်ပါတယ်။

နှစ်ထပ် အဆောက်အအုံရဲ့ ပထမထပ် ပြိုကျတာဖြစ်ပြီး ဒဏ်ရာရရှိတဲ့ အလုပ်သမားတွေကို မန္တလေး အထွေထွေရောဂါကု ဆေးရုံကို တင်ပို့ထားပါတယ်။

?bph6