အႏုပညာ ဝါသနာပါတဲ့ လူငယ္ေတြ ဗဟုသုတရေစမယ့္ စာေပေတြ မ်ားမ်ား ေလ့လာသင့္ (႐ုပ္/သံ)

0
54

အႏုပညာကို ဝါသနာပါတဲ့ လူငယ္ေတြအေနနဲ႔ ဗဟုသုတရေစမယ့္ စာေပေတြ မ်ားမ်ားေလ့လာသင့္တယ္လို႔ ပန္းခ်ီဆရာ ခင္ေဇာ္လတ္ ကေျပာပါတယ္။ ဒီသတင္းကုိေတာ့ MCN သတင္းေထာက္ မင္းျပည့္ႏုိင္ က ေပးပုိ႔ထားပါတယ္။

အႏုပညာလုပ္မယ့္ လူငယ္ေတြအေနနဲ႔ ဗဟုသုတရေစမယ့္ စာေပေတြ မ်ားမ်ားေလ့လာ ဖတ္ရႈနုိင္ဖို႔ နဲ႔ ေခတ္အေျခအေနရဲ့ အေျပာင္းအလဲ ေပၚမူတည္ၿပီး အႏုပညာဖန္တီးရတာျဖစ္တယ္လုိ႔ ပန္းခ်ီဆရာ ခင္ေဇာ္လတ္က ေျပာပါ တယ္။ ၾသဂုတ္လ ၁၈ ရက္ေန႔က လူငယ္ပန္းခ်ီ ၊ အႏုပညာရွင္မ်ား၏ အခက္အခဲ အေတြ႔အႀကဳံေတြ ေဆြးေႏြး ဖလွယ္ပြဲကုိ ရန္ကုန္ၿမဳိ႕ The Challenges of Young Artists ပန္းခ်ီျပခန္းမွာ ျပဳလုပ္ခဲ့တာပါ။

Soundbite ပန္းခ်ီခင္ေဇာ္လတ္
ဒါ့အျပင္ ပန္းခ်ီေရးဆြဲတာဟာ ဘ၀ရပ္တည္ေရးအတြက္ အာမခံခ်က္ အျပည့္အ၀မရရွိေပမယ့္ လူငယ္ေတြ အေနနဲ႔ စိတ္ဖီစီး မႈေတြရွိလာတဲ့အခါမွာ စိတ္ပုိင္းဆုိင္ရာ တည္ၿငိမ္ေစဖို႔ ၀ါသနာအရ ပန္းခ်ီေရးဆြဲ ၾကပါလုိ႔ ပန္းခ်ီ၀ါသနာရွင္ ေတြက တုိက္တြန္းခဲ့ပါတယ္။

Soundbite မူယာခ်မ္းေျမ႕ေက်ာ္ (ပန္းခ်ီ၀ါသနာရွင္)

ဒီေန႔ေခတ္ လူငယ္ပန္းခ်ီ ၊ပန္းပုအႏုပညာရွင္ေတြအေနနဲ႔ အႏုပညာေလာကမွာ ႀကဳံေတြ႔ရတဲ့ ဘ၀ရပ္တည္ ေရးအခက္အခဲေတြနဲ႔ ဆက္ဆံေရးေတြအျပင္ ႏုိင္ငံတကာအႏုပညာေလာကမွာ ပါ၀င္ႏုိင္ေရးနဲ႔ ကမာၻ႕အႏုပညာ သတင္းအခ်က္အလက္ေတြေလ့လာႏုိင္ေရးအတြက္ အႀကံျပဳ ဗဟုသုတေတြကုိ အဓိကထား ေဆြးေႏြးဖလွယ္ခဲ့ၾကပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အနုပညာကို ဝါသနာပါတဲ့ လူငယ်တွေအနေနဲ့ ဗဟုသုတရစေမယ့် စာပေတွေ များများလေ့လာသင့်တယ်လို့ ပန်းချီဆရာ ခင်ဇော်လတ် ကပြောပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် မင်းပြည့်နိုင် က ပေးပို့ထားပါတယ်။

အနုပညာလုပ်မယ့် လူငယ်တွေအနေနဲ့ ဗဟုသုတရစေမယ့် စာပေတွေ များများလေ့လာ ဖတ်ရှုနိုင်ဖို့ နဲ့ ခေတ်အခြေအနေရဲ့ အပြောင်းအလဲ ပေါ်မူတည်ပြီး အနုပညာဖန်တီးရတာဖြစ်တယ်လို့ ပန်းချီဆရာ ခင်ဇော်လတ်က ပြောပါ တယ်။ သြဂုတ်လ ၁၈ ရက်နေ့က လူငယ်ပန်းချီ ၊ အနုပညာရှင်များ၏ အခက်အခဲ အတွေ့အကြုံတွေ ဆွေးနွေး ဖလှယ်ပွဲကို ရန်ကုန်မြို့ The Challenges of Young Artists ပန်းချီပြခန်းမှာ ပြုလုပ်ခဲ့တာပါ။

Soundbite ပန်းချီခင်ဇော်လတ်
ဒါ့အပြင် ပန်းချီရေးဆွဲတာဟာ ဘဝရပ်တည်ရေးအတွက် အာမခံချက် အပြည့်အဝမရရှိပေမယ့် လူငယ်တွေ အနေနဲ့ စိတ်ဖီစီး မှုတွေရှိလာတဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်စေဖို့ ဝါသနာအရ ပန်းချီရေးဆွဲ ကြပါလို့ ပန်းချီဝါသနာရှင် တွေက တိုက်တွန်းခဲ့ပါတယ်။

Soundbite မူယာချမ်းမြေ့ကျော် (ပန်းချီဝါသနာရှင်)

ဒီနေ့ခေတ် လူငယ်ပန်းချီ ၊ပန်းပုအနုပညာရှင်တွေအနေနဲ့ အနုပညာလောကမှာ ကြုံတွေ့ရတဲ့ ဘဝရပ်တည် ရေးအခက်အခဲတွေနဲ့ ဆက်ဆံရေးတွေအပြင် နိုင်ငံတကာအနုပညာလောကမှာ ပါဝင်နိုင်ရေးနဲ့ ကမ္ဘာ့အနုပညာ သတင်းအချက်အလက်တွေလေ့လာနိုင်ရေးအတွက် အကြံပြု ဗဟုသုတတွေကို အဓိကထား ဆွေးနွေးဖလှယ်ခဲ့ကြပါတယ် ခင်ဗျာ။

?bph6