
0
60




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆေးလိပ်ငွေ့ ကင်းစင်ရေး ကျောက်တံတားမြို့နယ်မှာ စံနမူနာပြ အနေနဲ့ စတင်မယ်

ရန်ကုန်တိုင်းဒေသကြီးတစ်ခွင် ဆေးလိပ်ငွေ့ ကင်းစင်ရေးနယ်မြေတွေ ထူထောင်ရေး ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်မှာ စံနမူနာပြအနေနဲ့ စတင်မှာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးတစ်ခွင် ဆေးလိပ်ငွေ့ ကင်းစင်ရေးနယ်မြေများ ထူထောင်ရေး အသိပေး အလုပ်ရုံ ဆွေးနွေးပွဲကို မနေ့ စက်တင်ဘာ ၅ ရက်က ရန်ကုန်မြို့တော်ခန်းမမှာ ကျင်းပရာ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ မြို့တော်ဝန်ကိုယ်စား အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက ပြောခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးတစ်ခွင် ဆေးလိပ်ငွေ့ ကင်းစင်ရေး ၂၀၂၂ ခုနှစ် စီမံချက်ကို ရေးဆွဲထားပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အသက် ၁၅ နှစ်နဲ့အထက် ဆေးလိပ်သောက်သုံးသူ အမျိုးသား ၄၂ ရာခိုင်နှုန်းခန့်၊ အမျိုးသမီး ၁၅ ရာခိုင်နှုန်းခန့် သောက်သုံးနေတယ်လို့ သုတေသနစစ်တမ်းက ဖော်ပြပါတယ်။

?bph6