ငါးနှစ်အောက် ကလေးငါးယောက်မှာ တစ်ယောက် ကိုယ်အလေးချိန် နည်းပါးနေ (ရုပ်/သံ)

0
135







>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာနိုင်ငံအတွင်း ငါးနှစ်အောက် ကလေး ငါးယောက်မှာ တစ်ယောက်က ကိုယ်အလေးချိန် နည်းပါးနေတယ်လို့ ကလေးအထူးကုဆရာဝန် ဒေါက်တာ စောဝင်းကပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် မြတ်မင်းသူက ပေးပို့ထားပါတယ်။

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာရှိတဲ့ Yangon Gallery မှာ သြဂုတ်လ ၂၉ ရက်နေ့က ကျင်းပပြုလုပ်တဲ့ မိခင်နို့မှ တစ်ပါး အခြားမလိုဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲ မှာ ကလေးအထူးကုဆရာဝန် ဒေါက်တာစောဝင်းက ပြောဆိုလိုက်တာဖြစ်ပါတယ်။

Soundbite ဒေါက်တာ စောဝင်း(ကလေးအထူးကုဆရာဝန်)

အဲ့ဒီပွဲကို ကိုယ်ဝန်ဆောင်သည် မိခင်တွေနဲ့ အတူ အနုပညာရှင်တွေ တက်ရောက်ခဲ့ပါတယ်။ ဒါ့အပြင် ကလေးကြီးထွား၊ဖွံ့ဖြိုးမှု ကောင်းမွန်စေဖို့အတွက် မိခင်နို့ တစ်ခုတည်းကိုပဲ ခြောက်လအထိ တိုက်ကျွေးသင့်တယ်လို့ ပွဲကို တက်ရောက်လာတဲ့ အနုပညာရှင်တစ်ဦးကပြောပါတယ်။

Soundbite သရုပ်ဆောင် မေမြင့်မိုရ်

လက်ရှိမြန်မာနိုင်ငံမှာ ခြောက်လအောက်ကလေးငယ်တွေ ရဲ့ ရာခိုင်နှုန်း တစ်ဝက်ကျော်က မိခင်နို့တိုက်ကျွေးနေတာကြောင့် ကလေးသုံးယောက်မှာ တစ်ယောက်ဟာ ပြည့်စုံလုံလောက်တဲ့ ခန္ဒာကိုယ်ဖွံ့ဖြိုးမှုလိုအပ်နေတာဖြစ်ပါတယ်ခင်ဗျား။

?bph6