အာရွအားကစားၿပိဳင္ပြဲမွာ ျမန္မာ ေၾကးတံဆိပ္ ၂ ခုရ

0
151

အင္ဒိုနီးရွားႏိုင္ငံက အိမ္ရွင္အျဖစ္လက္ခံက်င္းပတဲ့ (၁၈) ႀကိမ္ေျမာက္ အာရွအားကစားၿပိဳင္ပြဲကို ၄ ရက္ေျမာက္ ဆက္လက္ က်င္းပေနၿပီး ျမန္မာက ေၾကးတံဆိပ္ ၂ ခု ရရွိထားပါတယ္။

ဂ်ာကာတာၿမိဳ႕ရွိ ဝူ႐ွဴးအားကစား႐ုံမွာ က်င္းပတဲ့ ဝူ႐ွဴးေထာက္လုအမ်ိဳးသား ထိုက္ကၽြိခၽြမ္ ၿပိဳင္ပြဲမွာ ၂ ရက္ေပါင္း ရမွတ္ ၁၉ ဒသမ ၄၀ မွတ္နဲ႔ ၿငိမ္းခ်မ္းကိုကိုက ေၾကးတံဆိပ္ ၁ ခု ရရွိပါတယ္။ အဲဒီ ၿပိဳင္ပြဲမွာ တ႐ုတ္အသင္းက ပထမ၊ ဂ်ပန္ အသင္းက ဒုတိယ ရရွိပါတယ္။

ပလန္ဘန္းၿမိဳ႕ရွိ ေဂ်အက္စီ ႐ိုႏူး အားကစား႐ံုမွာ အမ်ိဳးသမီး ၃ ေယာက္တြဲ အသင္းလိုက္ ပိုက္ေက်ာ္ျခင္း ၿပိဳင္ပြဲ ဆီးမီးဖိုင္နယ္ပြဲစဥ္အျဖစ္ ျမန္မာအသင္းနဲ႔ ထိုင္းအသင္း ကစားရာမွာ ထိုင္းအမ်ိဳးသမီးအသင္းက ၂ ပြဲျပတ္နဲ႔ ႏိုင္တဲ့အတြက္ ျမန္မာအမ်ိဳးသမီးအသင္းက ေၾကးတံဆိပ္သာ ရရွိခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>

အာရှအားကစားပြိုင်ပွဲမှာ မြန်မာ ကြေးတံဆိပ် ၂ ခုရ

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ (၁၈) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို ၄ ရက်မြောက် ဆက်လက် ကျင်းပနေပြီး မြန်မာက ကြေးတံဆိပ် ၂ ခု ရရှိထားပါတယ်။

ဂျာကာတာမြို့ရှိ ဝူရှူးအားကစားရုံမှာ ကျင်းပတဲ့ ဝူရှူးထောက်လုအမျိုးသား ထိုက်ကျွိချွမ် ပြိုင်ပွဲမှာ ၂ ရက်ပေါင်း ရမှတ် ၁၉ ဒသမ ၄၀ မှတ်နဲ့ ငြိမ်းချမ်းကိုကိုက ကြေးတံဆိပ် ၁ ခု ရရှိပါတယ်။ အဲဒီ ပြိုင်ပွဲမှာ တရုတ်အသင်းက ပထမ၊ ဂျပန် အသင်းက ဒုတိယ ရရှိပါတယ်။

ပလန်ဘန်းမြို့ရှိ ဂျေအက်စီ ရိုနူး အားကစားရုံမှာ အမျိုးသမီး ၃ ယောက်တွဲ အသင်းလိုက် ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဆီးမီးဖိုင်နယ်ပွဲစဉ်အဖြစ် မြန်မာအသင်းနဲ့ ထိုင်းအသင်း ကစားရာမှာ ထိုင်းအမျိုးသမီးအသင်းက ၂ ပွဲပြတ်နဲ့ နိုင်တဲ့အတွက် မြန်မာအမျိုးသမီးအသင်းက ကြေးတံဆိပ်သာ ရရှိခဲ့ပါတယ်။

?bph6