ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ စင္ကာပူႏိုင္ငံကို ေရာက္ရွိ

0
125

ႏုိင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ စင္ကာပူ မစၥတာ လီရွန္လြန္းရဲ႕ ဖိတ္ၾကားခ်က္အရ စင္ကာပူႏိုင္ငံကို မေန႔က ၾသဂုတ္လ ၁၉ ရက္မွာ ေရာက္ရွိသြားပါတယ္။

ႏုိင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ အတူ ျပည္ေထာင္စုအစိုးရ အဖြဲ႔႐ံုးဝန္ႀကီး ဦးေသာင္းထြန္း၊ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရး ဝန္ႀကီး ဦးေက်ာ္တင္၊ သမၼတ႐ုံး ဒုတိယ ဝန္ႀကီး ဦးမင္းသူတို႔ လိုက္ပါသြားပါတယ္။

ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ အဖြဲ႔ကို ခ်န္ဂီ အျပည္ျပည္ဆိုင္ရာ ေလဆိပ္မွာ စင္ကာပူႏုိင္ငံ ႏုိင္ငံျခားေရး ဝန္ႀကီးနဲ႔ ကာကြယ္ေရး ဝန္ႀကီးဌာန ဝါရင့္ဒုတိယ ဝန္ႀကီး ေဒါက္တာ မိုဟာမက္ မာလီကီ ဘင္ အိုစမန္၊ စင္ကာပူႏုိင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေဌးေအာင္နဲ႔ ဇနီး၊ ျမန္မာႏုိင္ငံဆုိင္ရာ စင္ကာပူ သံအမတ္ႀကီး မစၥ ဗန္နက္ဆာ ခ်န္းတို႔က ႀကိဳဆိုႏုတ္ဆက္ခဲ့ၾကပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် စင်ကာပူနိုင်ငံကို ရောက်ရှိ

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူ မစ္စတာ လီရှန်လွန်းရဲ့ ဖိတ်ကြားချက်အရ စင်ကာပူနိုင်ငံကို မနေ့က သြဂုတ်လ ၁၉ ရက်မှာ ရောက်ရှိသွားပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အတူ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင်၊ သမ္မတရုံး ဒုတိယ ဝန်ကြီး ဦးမင်းသူတို့ လိုက်ပါသွားပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အဖွဲ့ကို ချန်ဂီ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ စင်ကာပူနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးနဲ့ ကာကွယ်ရေး ဝန်ကြီးဌာန ဝါရင့်ဒုတိယ ဝန်ကြီး ဒေါက်တာ မိုဟာမက် မာလီကီ ဘင် အိုစမန်၊ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဌေးအောင်နဲ့ ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူ သံအမတ်ကြီး မစ္စ ဗန်နက်ဆာ ချန်းတို့က ကြိုဆိုနုတ်ဆက်ခဲ့ကြပါတယ်။

?bph6