အလြတ္က်က္ ပညာေရးစနစ္ေၾကာင့္ လူငယ္ေတြ ရည္မွန္းခ်က္ေပ်ာက္ (႐ုပ္/သံ)

0
153

အလြတ္က်က္ပညာေရးစနစ္အေပၚ ရာႏႈန္းျပည့္မွီခိုေနရတာေၾကာင့္ လူငယ္အမ်ားစု ရည္မွန္းခ်က္ ေပ်ာက္ေနတယ္လို႔ လူငယ္စာေရးဆရာ ေဒါက္တာၿဖိဳးသီဟက ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ တင္ေမာင္ေထြးက ေပးပို႔ထားပါတယ္။

အလြတ္က်က္ပညာေရးစနစ္နဲ႔ ပတ္သက္ၿပီး ပညာေရးစနစ္ ျပဳျပင္ေျပာင္းလဲေရး ႏိုင္ငံလုံးဆိုင္ရာကြန္ရက္က ၂၀၁၇ ခုႏွစ္မွာ ပညာေရးမူဝါဒ ေျပာင္းလဲဖို႔ အစိုးရနဲ႔ လႊတ္ေတာ္ကို အႀကံျပဳစာတမ္းေတြ ေပးပို႔ခဲ႔ပါတယ္။

အဲဒီလို အလြတ္က်က္ပညာေရးစနစ္က လူငယ္ေတြအတြက္ တီထြင္ႀကံဆမႈလဲ မရွိ၊ ေဝဖန္သုံးသပ္မႈလဲ မလုပ္ႏိုင္တဲ႔အတြက္ လူငယ္အမ်ားစု ရည္မွန္းခ်က္ ေပ်ာက္ေနတယ္လို႔ လူငယ္စာေရးဆရာ ေဒါက္တာၿဖိဳးသီဟက ေျပာပါတယ္။

Soundbite ေဒါက္တာၿဖိဳးသီဟ (လူငယ္စာေရးဆရာ)

အဲဒါေၾကာင့္ လူငယ္ေတြကို ႏိုင္ငံတကာနဲ႔ ရင္ေဘာင္တန္းႏိုင္ေအာင္ ပတ္ဝန္းက်င္ေကာင္းတစ္ခု ဖန္တီးေပးဖို႔ လိုအပ္ေနတာ ျဖစ္ၿပီး အစိုးရအေနနဲ႔လည္း ကူညီေပးဖို႔ လိုအပ္ေနတာပါ။

အခုလက္ရွိမွာ ဘြဲ႔ရလူငယ္အမ်ားစုဟာ ကိုယ္ပိုင္ေတြးေခၚဖန္တီးႏိုင္မႈ အားနည္းတာေၾကာင့္ လုပ္ငန္းခြင္အတြင္း အေကာင္းဆုံးစြမ္းရည္ေတြနဲ႔ လုပ္ေဆာင္ႏိုင္မႈမရွိဘူးလို႔လည္း ေျပာပါတယ္။

Soundbite ေဒါက္တာၿဖိဳးသီဟ (လူငယ္စာေရးဆရာ)

ျမန္မာႏိုင္ငံမွာ အလြတ္က်က္ ပညာေရးစနစ္ကို ေျပာင္းလဲၿပီး ကိုယ္ပိုင္အေတြးအေခၚနဲ ႔ေလ့လာသင္ယူတဲ့ စနစ္မ်ဳိး ျပဳစုပ်ဳိးေထာင္ရမယ္လို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ၾသဂုတ္လ (၁၁) ရက္ေန႔ လူငယ္ဘက္စံုဖြံ႔ၿဖိဳးေရးပဲြေတာ္မွာ ေျပာၾကားထားပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အလွတ်ကျက်ပညာရေးစနစ်အပေါ် ရာနှုန်းပြည့်မှီခိုနေရတာကြောင့် လူငယ်အများစု ရည်မှန်းချက် ပျောက်နေတယ်လို့ လူငယ်စာရေးဆရာ ဒေါက်တာဖြိုးသီဟက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မောင်ထွေးက ပေးပို့ထားပါတယ်။

အလွတ်ကျက်ပညာရေးစနစ်နဲ့ ပတ်သက်ပြီး ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်က ၂၀၁၇ ခုနှစ်မှာ ပညာရေးမူဝါဒ ပြောင်းလဲဖို့ အစိုးရနဲ့ လွှတ်တော်ကို အကြံပြုစာတမ်းတွေ ပေးပို့ခဲ့ပါတယ်။

အဲဒီလို အလွတ်ကျက်ပညာရေးစနစ်က လူငယ်တွေအတွက် တီထွင်ကြံဆမှုလဲ မရှိ၊ ဝေဖန်သုံးသပ်မှုလဲ မလုပ်နိုင်တဲ့အတွက် လူငယ်အများစု ရည်မှန်းချက် ပျောက်နေတယ်လို့ လူငယ်စာရေးဆရာ ဒေါက်တာဖြိုးသီဟက ပြောပါတယ်။

Soundbite ဒေါက်တာဖြိုးသီဟ (လူငယ်စာရေးဆရာ)

အဲဒါကြောင့် လူငယ်တွေကို နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်အောင် ပတ်ဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးဖို့ လိုအပ်နေတာ ဖြစ်ပြီး အစိုးရအနေနဲ့လည်း ကူညီပေးဖို့ လိုအပ်နေတာပါ။

အခုလက်ရှိမှာ ဘွဲ့ရလူငယ်အများစုဟာ ကိုယ်ပိုင်တွေးခေါ်ဖန်တီးနိုင်မှု အားနည်းတာကြောင့် လုပ်ငန်းခွင်အတွင်း အကောင်းဆုံးစွမ်းရည်တွေနဲ့ လုပ်ဆောင်နိုင်မှုမရှိဘူးလို့လည်း ပြောပါတယ်။

Soundbite ဒေါက်တာဖြိုးသီဟ (လူငယ်စာရေးဆရာ)

မြန်မာနိုင်ငံမှာ အလွတ်ကျက် ပညာရေးစနစ်ကို ပြောင်းလဲပြီး ကိုယ်ပိုင်အတွေးအခေါ်နဲ ့လေ့လာသင်ယူတဲ့ စနစ်မျိုး ပြုစုပျိုးထောင်ရမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သြဂုတ်လ (၁၁) ရက်နေ့ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်မှာ ပြောကြားထားပါတယ် ခင်ဗျာ။

?bph6