စာေပယဥ္ေက်းမႈသစ္ ဖန္တီးဖို႔ ရသကေဖး စတင္ ဖြင့္လွစ္ (႐ုပ္/သံ)

0
251

သစ္လြင္တဲ႔ စာေပယဥ္ေက်းမႈသစ္ တစ္ခုကို ဖန္တီးေပးလိုတဲ႔ ရည္ရြယ္ခ်က္နဲ႔ ရသကေဖးကို စတင္ ဖြင့္လွစ္လိုက္ျပီး လူငယ္ေတြပိုမိုပါ၀င္ေစခ်င္တယ္လို႔ Pen Myanmar အဖြဲ႕ရဲ႕ ဒါရိုက္တာအဖြဲ႔၀င္ စာေရးဆရာမ မသီတာ(စမ္းေခ်ာင္း)က ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ေမာင္ထက္က ေပးပို႔ထားပါတယ္။

လြတ္လပ္စြာ ေရးသားထုတ္ေဖာ္ေျပာဆိုခြင္႔နဲ႔ သစ္လြင္တဲ့ စာေပယဥ္ေက်းမႈသစ္တစ္ခုကို ဖန္တီးေပးလိုတဲ႔ ရည္ရြယ္ခ်က္နဲ႔ ရသကေဖးဆိုတဲ့ ေနရာသစ္တစ္ခုကို Pen Myanmar အဖြဲ႔က ရန္ကုန္ၿမိဳ႕၊ စမ္းေခ်ာင္းၿမိဳ႕နယ္၊ ေျမနီကုန္းေစ်းလမ္းအနီးမွာ ၾသဂုတ္လ ၁၁ ရက္ေန႔က စတင္ ဖြင္႔လွစ္ လိုက္တာပါ။

အခုဖြင့္လွစ္လိုက္တဲ့ ရသကေဖးလို ပလက္ေဖာင္းေတြ ပိုလိုအပ္ေနျပီး ေကာ္ဖီဆိုင္ထိုင္တတ္တဲ့ လူငယ္ေတြကို ရသစာေပနဲ႔ဂီတမွာ နစ္ေျမာသြားေစခ်င္တယ္လို႔ မသီတာ(စမ္းေခ်ာင္း)ကေျပာပါတယ္။

Soundbites-မသီတာ (စမ္းေခ်ာင္း)
Pen Myanmar ဒါရိုက္တာအဖြဲ႔၀င္

ရသကေဖးဖြင့္ပြဲအခမ္းအနားမွာ ႏိုင္ငံေက်ာ္အဆိုေတာ္ ထူးအိမ္သင္ ကြယ္လြန္တဲ့ ၁၄ ႏွစ္ျပည့္ အမွတ္တရကိုလည္း ျပဳလုပ္ခဲ့ျပီး ကဗ်ာနဲ႔ဂီတကို ေပါင္းစပ္ရြတ္ဆိုခဲ့ၾကပါတယ္။

Soundbites-စာေရးဆရာမ စုမီေအာင္

ရသကေဖးမွာ စာေပနဲ႔ဂီတျမတ္ႏိုးသူတိုင္း ကဗ်ာ၀ိုင္း၊ စာေပ၀ိုင္းေတြ ႏွီးေႏွာဖလွယ္ခြင္႔ရမယ္႔အျပင္ ေကာ္ဖီလည္း ေသာက္သုံးႏိုင္မွာျဖစ္သလို အဲ့ဒီလို ရသကေဖးေတြကိုလည္း ထပ္မံျပဳလုပ္သြားဖို႔ရွိတယ္လို႔ Pen Myanmar အဖြဲ႕က ေျပာပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သစ်လွင်တဲ့ စာပေယဉ်ကျေးမှုသစ် တစ်ခုကို ဖန်တီးပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ ရသကဖေးကို စတင် ဖွင့်လှစ်လိုက်ပြီး လူငယ်တွေပိုမိုပါဝင်စေချင်တယ်လို့ Pen Myanmar အဖွဲ့ရဲ့ ဒါရိုက်တာအဖွဲ့ဝင် စာရေးဆရာမ မသီတာ(စမ်းချောင်း)က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက်မောင်ထက်က ပေးပို့ထားပါတယ်။

လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်နဲ့ သစ်လွင်တဲ့ စာပေယဉ်ကျေးမှုသစ်တစ်ခုကို ဖန်တီးပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ ရသကဖေးဆိုတဲ့ နေရာသစ်တစ်ခုကို Pen Myanmar အဖွဲ့က ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းဈေးလမ်းအနီးမှာ သြဂုတ်လ ၁၁ ရက်နေ့က စတင် ဖွင့်လှစ် လိုက်တာပါ။

အခုဖွင့်လှစ်လိုက်တဲ့ ရသကဖေးလို ပလက်ဖောင်းတွေ ပိုလိုအပ်နေပြီး ကော်ဖီဆိုင်ထိုင်တတ်တဲ့ လူငယ်တွေကို ရသစာပေနဲ့ဂီတမှာ နစ်မြောသွားစေချင်တယ်လို့ မသီတာ(စမ်းချောင်း)ကပြောပါတယ်။

Soundbites-မသီတာ (စမ်းချောင်း)
Pen Myanmar ဒါရိုက်တာအဖွဲ့ဝင်

ရသကဖေးဖွင့်ပွဲအခမ်းအနားမှာ နိုင်ငံကျော်အဆိုတော် ထူးအိမ်သင် ကွယ်လွန်တဲ့ ၁၄ နှစ်ပြည့် အမှတ်တရကိုလည်း ပြုလုပ်ခဲ့ပြီး ကဗျာနဲ့ဂီတကို ပေါင်းစပ်ရွတ်ဆိုခဲ့ကြပါတယ်။

Soundbites-စာရေးဆရာမ စုမီအောင်

ရသကဖေးမှာ စာပေနဲ့ဂီတမြတ်နိုးသူတိုင်း ကဗျာဝိုင်း၊ စာပေဝိုင်းတွေ နှီးနှောဖလှယ်ခွင့်ရမယ့်အပြင် ကော်ဖီလည်း သောက်သုံးနိုင်မှာဖြစ်သလို အဲ့ဒီလို ရသကဖေးတွေကိုလည်း ထပ်မံပြုလုပ်သွားဖို့ရှိတယ်လို့ Pen Myanmar အဖွဲ့က ပြောပါတယ်ခင်ဗျာ။

?bph6