လူငယ္ဘက္စံု ဖြံ႕ၿဖိဳးေရးပြဲေတာ္ မႏၲေလးတကၠသိုလ္အတြင္း စတင္က်င္းပ

0
178

မႏၲေလးၿမိဳ႕မွာ လူငယ္ဘက္စံု ဖြံ႕ၿဖိဳးတိုးတက္ေရးပြဲေတာ္ကို မႏၲေလးတကၠသိုလ္အတြင္းမွာ ဒီကေန႔ မနက္ပိုင္းက စတင္က်င္းပခဲ့ၿပီး ၾသဂုတ္လ ၁၃ ရက္ေန႔အထိ က်င္းပသြားမွာျဖစ္ပါတယ္။

ဒါ့အျပင္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ လူငယ္ေတြရဲ႕ စာေပစကားဝိုင္းကို မႏၲေလးတကၠသိုလ္ ဘြဲ႕ႏွင္းသဘင္ခန္းမမွာ ျပဳလုပ္ခဲ့ၿပီး မႏၲေလးၿမိဳ႕ ပတ္ဝန္းက်င္ တကၠသိုလ္ေတြက ေက်ာင္းသူေက်ာင္းသား ႏွစ္ဆယ္ေက်ာ္ နဲ႔ ေဆြးေႏြးခဲ့ၾကတာျဖစ္ပါတယ္။

လူငယ္ဘက္စံုဖြံ႕ၿဖိဳးေရးပြဲေတာ္မွာ အလုပ္အကိုင္အခြင့္အလမ္းျပပြဲေတြ၊ ပညာေပးျပခန္းေတြ စာအုပ္အေရာင္း ျပခန္းေတြ ေဟာေျပာပြဲေတြနဲ႔ ေဖ်ာ္ေျဖေရးအစီအစဥ္ေတြ ပါဝင္မွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် မန္တလေးတက္ကသိုလ်အတွင်း စတင်ကျင်းပ

မန္တလေးမြို့မှာ လူငယ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးပွဲတော်ကို မန္တလေးတက္ကသိုလ်အတွင်းမှာ ဒီကနေ့ မနက်ပိုင်းက စတင်ကျင်းပခဲ့ပြီး သြဂုတ်လ ၁၃ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ လူငယ်တွေရဲ့ စာပေစကားဝိုင်းကို မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ပြုလုပ်ခဲ့ပြီး မန္တလေးမြို့ ပတ်ဝန်းကျင် တက္ကသိုလ်တွေက ကျောင်းသူကျောင်းသား နှစ်ဆယ်ကျော် နဲ့ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်မှာ အလုပ်အကိုင်အခွင့်အလမ်းပြပွဲတွေ၊ ပညာပေးပြခန်းတွေ စာအုပ်အရောင်း ပြခန်းတွေ ဟောပြောပွဲတွေနဲ့ ဖျော်ဖြေရေးအစီအစဉ်တွေ ပါဝင်မှာ ဖြစ်ပါတယ်။

?bph6