
0
168




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တောင်ကြီးမြို့မှာ မီးလောင်မှု ကျပ် ၃၂ သိန်းဖိုး ဆုံးရှုံး

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်၊ စဝ်စံထွန်း ဆေးရုံဝင်းအထဲမှာ မီးလောင်မှု ဖြစ်ပွားတဲ့အတွက် ငွေကျပ် ၃၂ သိန်းခန့် မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

သြဂုတ်လ ၉ ရက်နေ့ မွန်းလွဲပိုင်းမှာ စဝ်စံထွန်း ဆေးရုံဝင်းအတွင်းရှိ အငြိမ်းစား သွားကျန်းမာရေး ဝန်ထမ်း ဦးစောစိန်ဝင်း (၇၅ နှစ်) ရဲ့ နေအိမ်လိုင်းခန်းက မိန်းခလုတ် အပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

မီးလောင်မှုကြောင့် ပျဉ်ကာ၊ သွပ်မိုး ၃ ခန်းတွဲ နေအိမ်လိုင်းခန်းနဲ့ အိမ်သုံးပစ္စည်း စုစုပေါင်း တန်ဖိုး ၃၂ သိန်းခန့် ဆုံးရှုံးခဲ့ပါတယ်။ ဦးစောစိန်ဝင်းကို တောင်ကြီးနယ်မြေ ရဲစခန်းက အမှုဖွင့် အရေးယူထားပါတယ်။

?bph6