အဆိုေတာ္ ေရႊထိုက္တို႔စံုတြဲ အပါအဝင္ ၇ ဦး မူးယစ္ေဆးဝါးမႈနဲ႔ အဖမ္းခံရ

0
83

မူးယစ္ေဆးဝါး ကြင္းဆက္ ေဖာ္ထုတ္မႈမွာ အဆိုေတာ္ ေရႊထိုက္တို႔ စံုတြဲ အပါအဝင္ အမ်ိဳးသား၊ အမ်ိဳးသမီး ၇ ဦး ဖမ္းဆီးခံလိုက္ရပါတယ္။

ၾသဂုတ္ ၉ ရက္ေန႔မွာ သတင္းအရ ရန္ကင္းၿမိဳ႕မရဲစခန္းနဲ႔ မူးယစ္တပ္ဖြဲ႔စုတို႔ ရန္ကင္းၿမိဳ႕နယ္၊ အမွတ္ (၁) ရပ္ကြက္၊ Golden City အိမ္ရာရွိ သက္ေဆြမင္း (ခ) ကိုစိုင္း (၃၅ ႏွစ္) ေနအိမ္ကို ဝင္ေရာက္ ရွာေဖြရာ သူနဲ႔အတူ ေဝလြင္ေဇာ္ (ခ) ေရႊထိုက္ (၃၇ ႏွစ္) တို႔ကို ေတြ႔ရွိခဲ့ၿပီး သူတို႔နဲ႔အတူ WY စိတ္ၾကြေဆးျပား ၂၀၅ ျပား၊ အိုက္စ္ အေၾကခဲ ၃ ဂရမ္၊ မူးယစ္ေဆးဝါး အသံုးျပဳရာမွာ သံုးတဲ့ ပစၥည္းကိရိယာေတြ ဖမ္းမိခဲ့ပါတယ္။

စစ္ေဆးခ်က္အရ ရန္ကင္းၿမိဳ႕နယ္၊ (၁၅) ရပ္ကြက္၊ အေဝရာလမ္းရွိ သူတို႔ ငွားထားတဲ့ ေနအိမ္ကေန WY စိတ္ၾကြေဆးျပား ၁၁၇၈၅ ျပား၊ အိုက္စ္ အေၾကခဲ ၇၇၀ ဂရမ္၊ ဘိန္းျဖဴ ၁၁ ဂရမ္၊ ေဆးေျခာက္ ၁၂ ဂရမ္၊ ေနာက္ထပ္ WY စိတ္ၾကြေဆးျပား ၄ ျပား၊ မူးယစ္ေဆးဝါး အသံုးျပဳရာမွာ သံုးတဲ့ ပစၥည္းကိရိယာေတြ ဖမ္းမိခဲ့ပါတယ္။

မရမ္းကုန္းၿမိဳ႕နယ္ေန သန္႔စင္ေမာင္ (ခ) ကိုေပါက္ (၄၇ ႏွစ္)၊ ကြင္းဆက္အရ My Dream Hotel မွာ တည္းခိုေနတဲ့ ေက်ာ္သူရ (၃၈ ႏွစ္)၊ လင္းလြင္ (၄၀ ႏွစ္)၊ ေရႊမံႈ (၁၈ ႏွစ္)၊ အိအိခိုင္ (၁၉ ႏွစ္) တို႔ကို အရင္ဆံုး ဖမ္းမိခဲ့တာ ျဖစ္ပါတယ္။ သူတို႔ရဲ႕ ေဖာ္ထုတ္မႈအရ ကြင္းဆက္အျဖစ္ အဆိုေတာ္ ေရႊထိုက္တို႔ စံုတြဲ အဖမ္းခံခဲ့ရတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အဆိုတော် ရွှေထိုက်တို့စုံတွဲ အပါအဝင် ၇ ဦး မူးယစ်ဆေးဝါးမှုနဲ့ အဖမ်းခံရ

မူးယစ်ဆေးဝါး ကွင်းဆက် ဖော်ထုတ်မှုမှာ အဆိုတော် ရွှေထိုက်တို့ စုံတွဲ အပါအဝင် အမျိုးသား၊ အမျိုးသမီး ၇ ဦး ဖမ်းဆီးခံလိုက်ရပါတယ်။

သြဂုတ် ၉ ရက်နေ့မှာ သတင်းအရ ရန်ကင်းမြို့မရဲစခန်းနဲ့ မူးယစ်တပ်ဖွဲ့စုတို့ ရန်ကင်းမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ Golden City အိမ်ရာရှိ သက်ဆွေမင်း (ခ) ကိုစိုင်း (၃၅ နှစ်) နေအိမ်ကို ဝင်ရောက် ရှာဖွေရာ သူနဲ့အတူ ဝေလွင်ဇော် (ခ) ရွှေထိုက် (၃၇ နှစ်) တို့ကို တွေ့ရှိခဲ့ပြီး သူတို့နဲ့အတူ WY စိတ်ကြွဆေးပြား ၂၀၅ ပြား၊ အိုက်စ် အကြေခဲ ၃ ဂရမ်၊ မူးယစ်ဆေးဝါး အသုံးပြုရာမှာ သုံးတဲ့ ပစ္စည်းကိရိယာတွေ ဖမ်းမိခဲ့ပါတယ်။

စစ်ဆေးချက်အရ ရန်ကင်းမြို့နယ်၊ (၁၅) ရပ်ကွက်၊ အဝေရာလမ်းရှိ သူတို့ ငှားထားတဲ့ နေအိမ်ကနေ WY စိတ်ကြွဆေးပြား ၁၁၇၈၅ ပြား၊ အိုက်စ် အကြေခဲ ၇၇၀ ဂရမ်၊ ဘိန်းဖြူ ၁၁ ဂရမ်၊ ဆေးခြောက် ၁၂ ဂရမ်၊ နောက်ထပ် WY စိတ်ကြွဆေးပြား ၄ ပြား၊ မူးယစ်ဆေးဝါး အသုံးပြုရာမှာ သုံးတဲ့ ပစ္စည်းကိရိယာတွေ ဖမ်းမိခဲ့ပါတယ်။

မရမ်းကုန်းမြို့နယ်နေ သန့်စင်မောင် (ခ) ကိုပေါက် (၄၇ နှစ်)၊ ကွင်းဆက်အရ My Dream Hotel မှာ တည်းခိုနေတဲ့ ကျော်သူရ (၃၈ နှစ်)၊ လင်းလွင် (၄၀ နှစ်)၊ ရွှေမှုံ (၁၈ နှစ်)၊ အိအိခိုင် (၁၉ နှစ်) တို့ကို အရင်ဆုံး ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ သူတို့ရဲ့ ဖော်ထုတ်မှုအရ ကွင်းဆက်အဖြစ် အဆိုတော် ရွှေထိုက်တို့ စုံတွဲ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

?bph6