ျပည္တြင္း လုပ္ခလစာေတြနည္းလို႔ ကိုရီးယားထြက္ခြာသူ မ်ားျပားေန (႐ုပ္/သံ)

0
181

ျပည္တြင္းမွာ အလုပ္အကိုင္အခြင့္အလမ္းနဲ႔ လုပ္ခလစာရရွိမႈ နည္းေနတာေၾကာင့္ ျပည္ပမွာ သြားေရာက္ လုပ္ကိုင္ရတာ ျဖစ္တယ္လို႔ ကိုရီးယားႏိုင္ငံကို အလုပ္သြားေရာက္ လုပ္ကိုင္မယ့္သူေတြက ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ တင္ေမာင္ေထြးက ေျပာပါတယ္။

၂၀၁၁ ခုႏွစ္ကေန ၂၀၁၇ ခုႏွစ္အထိ ကိုရီးယားႏိုင္ငံက ကုန္ထုတ္လုပ္ငန္း၊ စိုက္ပ်ိဳးေမြးျမဴေရးနဲ႔ ေဆာက္လုပ္ေရး လုပ္ငန္းေတြအတြက္ အစိုးရျပည္ပအလုပ္အကိုင္ေအဂ်င္စီက အလုပ္သမား ၃ ေသာင္းေက်ာ္ ေစလႊတ္ခဲ႔ ပါတယ္။

ကိုရီးယားႏိုင္ငံမွာ အလုပ္သြားေရာက္လုပ္ကိုင္ရတာက ျပည္တြင္းမွာ အလုပ္အကိုင္အခြင့္အလမ္းနည္းတဲ႔အျပင္ လုပ္ခလစာပါ နည္းပါးေနတာေၾကာင့္ ျဖစ္တယ္လို႔ ကိုရီးယားဘာသာအရည္အခ်င္းစစ္ စာေမးပြဲ ေျဖဆိုခြင့္ တင္ျပထားသူေတြက ေျပာပါတယ္။

Soundbite ကိုေဇာ္ဝင္းသိန္း (မရမ္းကုန္းၿမိဳ႕နယ္၊ ရန္ကုန္တိုင္းေဒသႀကီး)

အခုလက္ရွိမွာ ကိုရီးယားႏိုင္ငံရဲ႕ အေျခခံလုပ္ခလစာေတြ ထပ္မံတိုးျမွင့္လိုက္တဲ႔အျပင္ ကိုရီးယားႏိုင္ငံကလည္း ျမန္မာလုပ္သားေတြကို ပိုမိုေခၚယူလာတာေၾကာင့္ ၂၀၁၈ ခုႏွစ္မွာ ကိုရီးယားဘာသာအရည္အခ်င္းစစ္ စာေမးပြဲ ေျဖဆိုသူ ၁ ေသာင္းကို ေအာင္ျမင္မႈေပးၿပီး ေစလႊတ္သြားဖို႔ရွိေနတာပါ။

ၾသဂုတ္လ ၂ ရက္ေန႔က အစိုးရျပည္ပအလုပ္အကိုင္ေအဂ်င္စီရုံးမွာ ကိုရီးယားဘာသာအရည္အခ်င္းစစ္စာေမးပြဲ ေျဖဆိုမယ္႔သူေတြ ေလွ်ာက္လႊာတင္ၿပီး စက္တင္ဘာလ ၅ ရက္ေန႔မွာ စာေမးပြဲ ေျဖဆိုရမွာ ျဖစ္ပါတယ္။

Soundbite ကိုစိုးမိုးေအာင္ (ေညာင္ဦးၿမိဳ႕၊ မႏၱေလးတိုင္းေဒသႀကီး)

အစိုးရျပည္ပအလုပ္အကိုင္ေအဂ်င္စီက ကိုရီးယားႏိုင္ငံကို ဇူလိုင္လနဲ႔ ၾသဂုတ္လေတြမွာ အလုပ္သမား ၆၀၀ ေက်ာ္အထိ ေစလႊတ္ထားပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းနဲ့ လုပ်ခလစာရရှိမှု နည်းနေတာကြောင့် ပြည်ပမှာ သွားရောက် လုပ်ကိုင်ရတာ ဖြစ်တယ်လို့ ကိုရီးယားနိုင်ငံကို အလုပ်သွားရောက် လုပ်ကိုင်မယ့်သူတွေက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မောင်ထွေးက ပြောပါတယ်။

၂၀၁၁ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ ကိုရီးယားနိုင်ငံက ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေးနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေအတွက် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက အလုပ်သမား ၃ သောင်းကျော် စေလွှတ်ခဲ့ ပါတယ်။

ကိုရီးယားနိုင်ငံမှာ အလုပ်သွားရောက်လုပ်ကိုင်ရတာက ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းနည်းတဲ့အပြင် လုပ်ခလစာပါ နည်းပါးနေတာကြောင့် ဖြစ်တယ်လို့ ကိုရီးယားဘာသာအရည်အချင်းစစ် စာမေးပွဲ ဖြေဆိုခွင့် တင်ပြထားသူတွေက ပြောပါတယ်။

Soundbite ကိုဇော်ဝင်းသိန်း (မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး)

အခုလက်ရှိမှာ ကိုရီးယားနိုင်ငံရဲ့ အခြေခံလုပ်ခလစာတွေ ထပ်မံတိုးမြှင့်လိုက်တဲ့အပြင် ကိုရီးယားနိုင်ငံကလည်း မြန်မာလုပ်သားတွေကို ပိုမိုခေါ်ယူလာတာကြောင့် ၂၀၁၈ ခုနှစ်မှာ ကိုရီးယားဘာသာအရည်အချင်းစစ် စာမေးပွဲ ဖြေဆိုသူ ၁ သောင်းကို အောင်မြင်မှုပေးပြီး စေလွှတ်သွားဖို့ရှိနေတာပါ။

သြဂုတ်လ ၂ ရက်နေ့က အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီရုံးမှာ ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲ ဖြေဆိုမယ့်သူတွေ လျှောက်လွှာတင်ပြီး စက်တင်ဘာလ ၅ ရက်နေ့မှာ စာမေးပွဲ ဖြေဆိုရမှာ ဖြစ်ပါတယ်။

Soundbite ကိုစိုးမိုးအောင် (ညောင်ဦးမြို့၊ မန္တလေးတိုင်းဒေသကြီး)

အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက ကိုရီးယားနိုင်ငံကို ဇူလိုင်လနဲ့ သြဂုတ်လတွေမှာ အလုပ်သမား ၆၀ဝ ကျော်အထိ စေလွှတ်ထားပါတယ်ခင်ဗျာ။

?bph6